လှည်းတန်းလမ်းဆုံမီးပွိုင့့်ကနေ အင်းလျားလမ်းမီးပွိုင့် ကြား၊တက္ကသိုလ်ရိပ်သာလမ်းတလျှောက် ကျင်းပမှာဖြစ်ပါတယ်။
ပထမဆုံးအကြိမ် ရန်ကုန်ကွင်းပတ် စက်ဘီးပြိုင်ပွဲကို လာမယ့် မတ်လ ၁၆ ရက်နေ့မှာပြုလုပ်မယ်လို့ မြန်မာနိုင်ငံ စက်ဘီးအားကစားအဖွဲ့ချုပ်ကနေ သိရပါတယ်။

ယခင်ကျင်းပခဲ့သည့်ပြိုင်ပွဲမြင်ကွင်း



စက်ဘီးအမျိုးအစားခြောက်မျိုးပါဝင်မယ့် အဆိုပါပြိုင်ပွဲမှာ နိုင်ငံ့လက်ရွေးစင်နဲ့ ဝါသနာရှင်အဆင့် ပြိုင်ပွဲဝင်ပေါင်း (၂၀၀) ကျော် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ (၁.၃) ကီလိုမီတာရှည်တဲ့ ပြိုင်ပွဲလမ်းကြောင်းကိုတော့ လှည်းတန်းလမ်းဆုံမီးပွိုင့်ကနေ အင်းလျားလမ်းမီးပွိုင့်ကြား၊ တက္ကသိုလ်ရိပ်သာလမ်းတလျှောက် ကျင်းပမှာပါ။

ပြည်တွင်းက စက်ဘီးစီးအားကစားသမားတွေ ပြိုင်ပွဲအတွေ့အကြုံရဖို့ ရည်ရွယ်တာဖြစ်ပြီးတော့ မြို့တွင်းလမ်းမပေါ်မှာ သတ်မှတ်ထားတဲ့ ပြိုင်ပွဲုလမ်းကြောင်းကို တစ်ပတ်ပြီးတစ်ပတ် စီးနင်းရတဲ့ ယှဉ်ပြိုင်မှုပုံစံ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေက ပြိုင်ကွင်းလမ်းပေါ်က လမ်းအကွေ့အကောက်များအလိုက် ကွေ့ရှောင်စီးနင်းခြင်း၊ အမှတ်ရရှိရန် အဖြောင့်လမ်းများတွင် တစ်နာရီ ၅၅ ကီလိုမီတာနှုန်းအထိ အရှိန်ကုန်တင် စီးနင်းခြင်းတွေကို အကြိမ်ရေများစွာ ပြုလုပ်ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

အမျိုးသား Road Bike Race (အပတ်ရေ ၃၀)၊ ၁၉ နှစ်အောက် အမျိုးသား Mountain Bike Race (အပတ်ရေ ၂၀)၊ ၁၉ နှစ်မှ ၂၅ နှစ်အထိ အမျိုးသား Mountain Bike Race (အပတ်ရေ ၂၀)၊ ၂၅ နှစ်မှ ၄၀ နှစ်အထိ အမျိုးသား Mountain Bike Race (အပတ်ရေ ၂၀)၊ ၄၀နှစ်အထက် အမျိုးသား Mountain Bike Race (အပတ်ရေ ၂၀)၊ အလွတ်တန်း အမျိုးသမီး Mountain Bike Race (အပတ်ရေ ၂၀)ပါဝင်မှာဖြစ်ပါတယ်။ MSP CAT ၊ မြန်မာနိုင်ငံ စက်ဘီးအားကစားအဖွဲ့ချုပ် (MCF) နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ကြီးမှုးကျင်းပတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က