အလှူငွေတွေကို ဒီနေ့မှာ လှူဒါန်းခဲ့ပါတယ်။

စက်တင်ဘာ(၂၉) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အဆိုတော် ဝေလရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော် ဖြေပွဲလက်မှတ်တွေ ကတော့ ရောင်းလို့ ကုန်သွားပြီလို့ သိရပါတယ်။

 

စက်တင်ဘာ(၂၉) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အဆိုတော် ဝေလရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်တွေကတော့ ရောင်းလို့ ကုန်သွားပြီလို့ သိရပါတယ်။ဝေလရဲ့ Live In 360 ပွဲလက်မှတ်များအားလုံးဟာ လွန်ခဲ့တဲ့ (၃)ရက်လောက်ကတည်း ရောင်းလို့ကုန်သွားခဲ့ဖြစ်ပြီး ပွဲလက်မှတ်မရလိုက်တဲ့ ပရိသတ်တွေအတွက် အမျိုးသားဇာတ်ရုံ ရဲ့Stage အရှေ့တည့်တည့်မှာ Special Seat ၁၀ ခုံခင်းပြီး အထူူးလက်မှတ် ၁၀ စောင်တိတိကို ထပ်မံရောင်းချခဲ့ပါတယ်။

အထူးလက်မှတ်တွေကို သုံးသိန်းကျပ် သက်မှတ်ကာ (၁၀)စောင်တိတိရောင်းချခဲ့ပါတယ်။ ရောင်းချလို့ရတဲ့ငွေကြေးတွေကိုလည်း ရန်ကုန်တိုင်း ဒေသကြီး ချောင်းကျိုးကျေးရွာ မှာရှိတဲ့ အာစိဏ္ဏသီရိမိဘမဲ့ပရဟိတကျောင်း ကိုလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

 

ပထမဆုံးရှိုးပွဲမှာတင် အလှူတစ်ခု ဖြစ်မြောက် သွားတဲ့အတွက် ဝေလအနေနဲ့လည်း အရမ်းကို ဝမ်းသာလို့နေပါတယ်။

"ပထမဆုံး ရှိုးပွဲလေးမှာ ဒီလိုအစီအစဉ်လေးနဲ့ ကုသိုလ်အဖြစ် ပါဝင်ခွင့်ရလို့ အရမ်းကို ကျေးဇူးတင်တယ်။ ဒီအလှူငွေကိုလည်း တကယ်လိုအပ် တဲ့နေရာတွေကို တကယ်လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ကုသိုလ်လည်း ရပါတယ်။ ရှေ့မှာလည်း တစ်ရုံလုံး ရောင်း ကုန်အောင် ဝယ်ပြီးအားပေးတဲံသူတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။" ဆိုပြီး ဝေလက စက်တင်ဘာ(၂၇) ရက်နေ့က ပြုလုပ်တဲ့ အလှူငွေပေးအပ်ပွဲမှာ ပြောပြခဲ့တာပါ။

အတတ်နိုင်ဆုံး လူကောင်းဖြစ်အောင် ကြိုးစားတယ်ဆိုတဲ့ ဝေလ 

ဂီတလောကမှာ တမူထူးခြားတဲ့ ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် ဝေလဟာ ဂီတလောကမှာ နာမည်ပျက်မရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း လူတိုင်းအပေါ်မှာ အတတ်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို လုပ်ပြီး အတတ်နိုင်ဆုံး လူကောင်းဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

"သူတော်ကောင်းတော့ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံးလူကောင်းဖြစ်အောင် ကြိုးစားတယ်။ အတက်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ကိုယ်လုပ်တဲ့ သီချင်းလေးတွေအပေါ်မှာလည်းအဲ့လိုပါပဲ။ ပြီးတော့ ကျွန်တော့်က ပတ်ဝန်းကျင် နည်းနည်း နည်းတယ်။ အဲ့အပေါ်မှာလည်း ကျွန်တော် သာသာယာယာပဲနေတယ်။အေးအေးဆေးဆေးပဲ နေပါတယ်။" လို့ သူက စက်တင်ဘာ(၁၈) ရက်နေ့က ပြုလုပ်တဲ့ Live in 360 ပွဲမှာ  မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဝေလရဲ့ Live In 360 ရှိုးပွဲကို စက်တင်ဘာ(၂၉)  ရက်နေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဝေလအနေ နဲ့ ဖျေ်ာဖြေပွဲအတွက် ရင်ခုန်နေသလို ပြင်ဆင်မှုတွေလည်း အများကြီး ပြုလုပ်နေတာ တွေ့ရပါတယ်။

 အဆိုတော် ဝေလကတော့ ၁၉၈၂၊ မိတ်ကပ်မကြိုက်သောသူများ၊ အဓိပတိဖွား စတဲ့ တစ်ကိုယ်တော်အခွေ များနဲ့ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ကုတင်အမှတ် ၁၈ ဆိုတဲ့ မီနီအယ်လ်ဘမ်လေးကိုလည်း သူ့ရဲ့မွေးနေ့မှာထွက်ရှိထားသလို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့က အတုများတဲ့မြို့ဆိုတဲ့ တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိခဲ့ပါသေးတယ်။

 

Share

Loading Next Article...
က္က