Project K ၊ သင်ဇာဝင့်ကျော်တို့လည်း ပါဝင်သွားမှာပါ။

ဝါရွှေနွယ်သွေးဝင်းကတော့ မကြာခင်သရုပ်ဆောင်သွားမယ့် ရုပ်သံဇာတ်လမ်းတွဲထဲက ကာရိုက်တာအတွက် အဘွားဖြစ်သူ ဝါဝါဝင်းရွှေ က သင်ပေးနေတယ်လို့ ဆိုပါတယ်။ သူမရဲ့ အနုပညာအလုပ်အပေါ် ခံယူချက်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါသေးတယ်။

အကယ်ဒမီများရှင် ဝါဝါဝင်းရွှေရဲ့ မြေး ဝါရွှေနွယ်သွေးဝင်းကတော့ အခုဆိုရင် “Before & After” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။ ဇာတ်ဝင်ခန်းထဲက ကာရိုက်တာအတွက် အဘွားက သေချာ သင်ပေးတာတွေရှိတယ်လို့ မီဒီယာ အင်တာဗျူးဖြေဆိုခဲ့ပါတယ်။



“ဒီဇာတ်ကားထဲမှာတော့ ညီမရဲ့ ကာရိုက်တာက ရုံးက Sale Girl လေးပေါ့။ ပထမဆုံး သရုပ်ဆောင်ရမယ့်ဇာတ်ကား ဖြစ်လို့ အရမ်းတော့ စိတ်လှုပ်ရှားနေပါတယ်။ စီနီယာ အနုပညာရှင်ကြီးတွေနဲ့ သရုပ်ဆောင်ရမှာဆိုတော့ အိမ်မှာ အားတဲ့အချိန်လေးတွေဆိုရင် ကိုယ်ပါတဲ့ ဇာတ်ဝင်ခန်းလေး တွေကို ပြန်ဖတ်တယ်၊ ဘယ်လို သရုပ်ဆောင်ရမယ်ဆိုတာကို ဘွားဘွား နဲ့လည်း တိုင်ပင်ဖြစ်တယ်” လို့ ဆိုပါတယ်။

ဝါရွှေနွယ်သွေးဝင်းဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ပီပီ သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာကြီးလွန်းသူဖြစ်ပါတယ်။ “Before & After” ရုပ်သံဇာတ်လမ်းတွဲမှာတော့ သူမက Project K ၊ သင်ဇာဝင့်ကျော် တို့နဲ့ အတူတွဲဖက်သရုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

“ ညီမရဲ့ ကာရိုက်တာက အရမ်းခက်တဲ့ Role ကြီးလည်း မဟုတ်ပါဘူး။ အခက်အခဲ သိပ်မရှိလောက်ဘူးပေါ့နော်။ စီနီယာတွေနဲ့ သရုပ်ဆောင်ရမှာဆိုတော့ အတွေ့အကြုံကောင်းတွေ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ ကျောင်းက ဇာတ်လမ်းတိုတွေမှာ သရုပ်ဆောင်ခဲ့ဖူးတာတွေကို အခုချိန်မှာ ပြန်အသုံးချလို့ရမှာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့က “ Before & After” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သူမရဲ့ အနုပညာနဲ့ပတ်သက်ပြီး အဘွားဖြစ်သူက အရမ်းကို အားပေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာတော့ ဝါရွှေနွယ်သွေးဝင်းက ပညာရေးကို ပို ဦးစားပေးသွားမယ်လို့ပြောပါတယ်။

“ ဘွားဘွားကလည်း သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်ပြီး အမြဲ အားပေးပါတယ်။ မျက်လုံးကို ဘယ်မှာထားရမလဲ၊ အဓိက က မျက်လုံးကို ဘယ်လို အားထည့်ရမယ် ဆိုတာလေးတွေ သင်ပေးပါတယ်။ ဘွားဘွားကလည်း သရုပ်ဆောင်ဆိုတော့ အနောက်အနေ အမြဲတမ်း ပံ့ပိုးပေးနေပါတယ်။ ဘွားဘွားကို အရမ်း အားကျတယ်။ လောလောဆယ်မှာတော့ ကျောင်းပြီးအောင် အရင်ကြိုးစားမယ်။ အားတဲ့အချိန်တွေမှာတော့ အနုပညာနဲ့ပတ်သက်ပြီး အထိအတွေ့ရှိအောင် နည်းနည်းတော့ လုပ်သွားမယ်” လို့ သူကဆိုပါတယ်။


ဝါရွှေနွယ်သွေးဝင်း ကတော့ နာမည်ကျော်ဒါရိုက်တာကြီး ဦးသန်းထွဋ်(ကွယ်လွန်) နှင့် အကယ်ဒမီများရှင် ဝါဝါဝင်းရွှေတို့ရဲ့ သားကြီး ဒါရိုက်တာ ဝင်းထွဋ်ဝင်းက မွေးဖွားလိုက်တဲ့ သမီးကြီးဖြစ်ပါတယ်။ အနုပညာမျိုးရိုးက ဆင်းသက်လာသူလေး ဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင်တော့ ဝါရွှေနွယ်သွေးဝင်းကို ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာကို တွေ့ရပါတယ်။ သူမဟာ ရှင်ဥပဂုတ္တရဟန္တာမြတ်ကြီး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သရုပ်ဆောင် လီလီကျော်ခိုင်ရဲ့ ငယ်ဘဝ ကလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က