''ဒယ်ဒီဖားကင်'' ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

လွင်မိုးဟာ အနုပညာလောကနဲ့ ၇ နှစ်ကြာဝေးကွာပြီးမှ ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ‘’ဒယ်ဒီဖားကင်’’ ရုပ်ရှင်ကားကြီး ရိုက်ကွင်းပေါ်က အမှတ်တရတွေကို ပြောပြလာပါတယ်။ သူဟာ အနုပညာသက်တမ်း နှစ် ၃၀ ကျော်ပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

Photo: ဒယ်ဒီဖားကင် ပေ့ချ်



သရုပ်ဆောင် လွင်မိုးက အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတဲ့အချိန်မှာ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ‘’ဒယ်ဒီဖားကင်’’ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို ပြောပြလာပါတယ်။ အရမ်းအေးတဲ့ ဒေသမှာ ရေအိုင်ထဲဆင်းပြီး ဖားဖမ်းရတဲ့ ဇာတ်ဝင်ခန်း အမှတ်တရကို သဘောကျရယ်မောရင်း ပြောထားပါသေးတယ်။

‘’ အယ်ဒီဖားကင်မှာတော့ ကျွန်တော်က အိချောပိုရဲ့ ဖခင်အဖြစ် သရုပ်ဆောင်ထားတယ်။ သူနဲ့ ကြိုက်နေတဲ့ သားမက်အပေါ်မှာ ပြဿနာတွေ အများကြီးရှိတယ်။ ဘယ်လောက်တောင်များသလဲ ဆိုရင် ရုပ်ရှင်ကားကြီးကြည့်ရင် သိနိုင်မှာပါ။ နောက်ထပ်တစ်ခုက ကလောမှာ အရမ်းအေးတဲ့အချိန် ကျွန်တော်ရိုက်နေရတဲ့ ဇာတ်ဝင်ခန်းက ခါးတောင်းကျိုက်ပြီး ရေအိုင်ထဲမှာ ဖားသွားဖမ်းရတဲ့ အခန်းပဲ။ ဒါကတော့ ရိုက်ကွင်းပေါ်က ပင်ပန်းမှုတွေပေါ့’’ လို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်က ‘’ဒယ်ဒီဖားကင်’’ ရုပ်ရှင်ကားကြီး Facebook Page မှာ မှတ်တမ်း ဗီဒီယိုဖိုင်မှာ ပြောပြခဲ့တာပါ။ 

Photo: Lwin Moe

လွင်မိုးဟာ ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေနဲ့ ပျော်ပျော်ပါးပါး ရိုက်ကူးရေးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာလောက နဲ့ ၇ နှစ်ကြာဝေးကွာခဲ့သူ ဖြစ်ပါတယ်။

‘’ရုပ်ရှင်လောကနဲ့ ၇ နှစ်လောက်ကင်းကွာပြီးတော့မှ ပထမဦးဆုံး ပြန်ရိုက်ဖြစ်တဲ့ ‘’ဒယ်ဒီဖားကင်’’ ဆိုတဲ့ ဇာတ်ကားကို ပြန်ရိုက်ရတဲ့အချိန်မှာ ကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကိုတွေလည်း ပါဝင်သလို ကျွန်တော်နဲ့ တွဲမရိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင်တွေလည်း တွေ့ရပါတယ်။ ဘာကွာလည်း ဆိုတာတော့ ဘာမှမကွာပါဘူး။ သူတို့လည်း ကျွန်တော်တို့ တုန်းကလိုပဲ ကြိုးစားကြတာ တွေ့ရလို့ အရမ်းဝမ်းသာပါတယ်’’ လို့ ဆိုပါတယ်။

Photo: ဒယ်ဒီဖားကင် ပေ့ချ်

လွင်မိုးရဲ့ အနုပညာသက်တမ်း နှစ် ၃၀ အကြာ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရ တွေကို အခုလို ပြောပြလာတာ တွေ့ရပါတယ်။

‘’အမှန်တော့ ရုပ်ရှင်လောကဆိုတာ ပျော်စရာကောင်းတဲ့၊ မိသားစုလို နွေးထွေးစရာကောင်းတဲ့၊ ညီအစ်ကို အရင်းလို ခင်မင်စရာကောင်းတဲ့ လောကတစ်ခုပါ။ ကျွန်တော်က အခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်အကြာ ဒီလောကကို ဖြတ်သန်းခဲ့ပြီးပြီ။ ကျွန်တော် နောက်ဆုံးရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားကတော့ သူငယ်ချင်း ယောက္ခမ ၂ ပေါ့’’ လို့ သူကဆိုပါတယ်။ ဒယ်ဒီဖားကင် ရုပ်ရှင်ကားကြီးကို မတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာနေပိုင် ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် လွင်မိုး(Lwin Moe)၊ မြင့်မြတ်၊ ရဲအောင်နဲ့ အိချောပိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo: လွင်မိုး

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ လွင်မိုးက ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က