မင်္ဂလာသက်တမ်း ၅ နှစ်ပြည့်ပါပြီ။

မယ်လိုဒီက ခင်ပွန်းဖြစ်သူ ကိုသာကောင်းအတွက် မင်္ဂလာသက်တမ်း ၅ နှစ်ပြည့် အမှတ်တရ စကားလက်ဆောင်ပါးခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံက ၂၀၁၄ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ကြတာပါ။

Photo: မယ်လိုဒီ



ကိုသာကောင်းနဲ့ သရုပ်ဆောင်မယ်လိုဒီ တို့ အိမ်ထောင်သက်တမ်းက ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၅ နှစ်ပြည့်ပြီးခဲ့ပါပြီ။ ခင်ပွန်းအတွက် မင်္ဂလာနှစ်ပတ်လည် အမှတ်တရစကားလက်ဆောင်ကို အခုလိုပြောပြခဲ့ပါတယ်။

‘’ မင်္ဂလာရှိသော မင်္ဂလာသက်တမ်း ၅နှစ်ပြည့် မှာ ကိုသာကောင်း ရှင့်အတွက် နတ်သမီးလေးလို လှနေတာကလွဲပြီး ဘာမှမလုပ်ပေးနိုင်တာ ခွင့်လွှတ်ပါ။ ပုံ နတ်သမီးလေး’’ ဆိုပြီးတော့ ချစ်စရာကောင်းတဲ့ စာသားလေးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: မယ်လိုဒီ

အဲဒီနောက် ချစ်စရာကောင်းပြီး အသည်းလေးတွေ ဝေဆာနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ခဲ့ပါသေးတယ်။ မယ်လိုဒီ ရေးသားလိုက်တဲ့ စာသားလေးအပေါ် ပရိသတ်တွေကလည်း သဘောကျခဲ့တာကို တွေ့ရပါတယ်။

Photo: Amazing Grace

ကိုသာကောင်းနဲ့ သရုပ်ဆောင် မယ်လိုဒီတို့ဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၃ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။



Photo: မယ်လိုဒီ

သားလေး သိဒ္ဓိစစ်ကတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့ကတည်းက ကျောင်းစတက်နေရပြီလို့ သိရပါတယ်။ မွေးကင်းစ ကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။

မယ်လိုဒီရဲ့ အနုပညာသက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ မယ်လိုဒီကို တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာ၊ ဂျာနယ် မျက်နှာဖုံးတွေကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရိုက်ကူးထားတာတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က