ကြည်နူးစရာလေး ။

နန်းမြတ်ဖြိုးသင်းကတော့ ဒီနှစ်မွေးနေ့လေးကို သားသားလေးနဲ့အတူ ဖြတ်သန်းခွင့်ရခဲ့တာ ဖြစ်ပြီး ခင်ပွန်းရဲ့ မွေးနေ့ surprise ကြောင့် ပျော်လို့နေပါတယ်။

 

Photo: Nan Myat Phyo Thin



ဇွန်လ(၂) ရက်နေ့က သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက ဒီနှစ်မွေးနေ့ကို သားသားလေးနဲ့အတူ ပထမဆုံး ဖြတ်သန်းဖြစ်တာ ဖြစ်ပါတယ်။ သားသားလေးနဲ့အတူ မွေးနေ့ကို ဖြတ်သန်းရလို့ ပျော်နေသလို ခင်ပွန်းရဲ့ မွေးနေ့ surprise ကြောင့်လည်း ပျော်ခဲ့ရပါတယ်။

ချစ်စရောင်းတဲ့ မွေးနေ့ ကိတ်လေးနဲ့ Surprise လုပ်ပေးခဲ့တဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင်ကြောင်း မေလ(၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo: Nan Myat Phyo Thin

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက အခုဆိုရင် သားတစ်ယောက်မိခင် ဖြစ်လို့နေပါပြီ။ သားလေးကို မွေးပြီးကတည်းက ရိုက်ကူးရေးတွေ အတူတူ မလုပ်ဖြစ်တဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’အရမ်းစိုးရိမ်တာက တစ်ခုခု အပြောခံရမှာကိုပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အခုခေတ်က ဘာလေးပဲ တင်တင် မကောင်းပြောတာက နည်းနည်းများတာဆိုတော့ သားလေးကို နန်းမြတ်စိုးရိမ်တယ်။ ကိုယ်ဆိုရင် ခံနိုင်တယ်။ ကိုယ့်သားဆိုရင်တော့ မခံနိုင်ဘူး။ ငယ်သေးတာလည်း ပါပါတယ်’’ လို့ သူကဆိုပါတယ်

Photo: Nan Myat Phyo Thin

မိခင်တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာတော့ သူမအတွက် ပြောင်းလဲမှုတွေက အများကြီးရှိလာပြီလို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။ အခုလက်ရှိမှာတော့ သားလေးအနားမှာ နေရတဲ့အချိန်က အပျော်ဆုံးပါပဲတဲ့။

‘’ စိတ်ရယ်၊ အချိန်ရယ်ပေါ့။ စိတ်က လုံးဝပြောင်းသွားတယ်။ အချိန်ဆိုရင်လည်း ကိုယ့်အတွက် အချိန်ဆိုတာ မရှိတော့ဘူး။ သူ့အချိန်ပဲ ဖြစ်သွားတယ်။ အနုပညာအလုပ်တွေကတော့ နားထားတယ်။ ပထမကတော့ ကလေးမွေးပြီးသွားရင် အနုပညာအလုပ်တွေ အမြန်ဆုံးပြန်လုပ်နိုင်အောင်ကြိုးစား မယ်ပေါ့။ အခုကျတော့ သားလေးအနားမှာနေပြီး သူ့မျက်နှာလေး မြင်နေရရင်ကို ပျော်နေတာ သားလေးအနားမှာ တစ်ဝကြီးနေလိုက်ဦးမယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။


Photo: Nan Myat Phyo Thin

နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack ကို ၂၀၁၉ ခုနှစ် ဧပြ့ီလ ၁၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သားလေးက ၄ ပေါင်နီးနီး ရှိတယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က