ဦးတီနဲ့ အူဝဲတို့ မိသားစုလိုက် သွားကြည့်ကြတာ ပျော်စရာကြီး။

ပြေတီဦးတို့ ဇနီးမောင်နှံက မိသားစု စုံစုံညီညီနဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ခဲ့တာပါ။ ဦးတီရဲ့ သရုပ်ဆောင်ချက်တွေကို လည်း အူဝဲက ပြောပြထားသေးတယ်နော်။




Photo : အိန္ဒြာကျော်ဇင်



Super Sunday လေးမှာ ပြေတီဦးတို့ဇနီးမောင်နံှဟာ မိသားစုလိုက် lady Boy ရုပ်ရှင်ဇာတ်ကားကြီးကို သွားကြည့်ခဲ့ကြတာပါ။ ပြေတီဦး ပါဝင်သရုပ်ဆောင်ထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကို မိသားစု စုံစုံလင်လင်နဲ့ သွားအားပေးခဲ့တာပါ။ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်ထားတဲ့ Lady Boy ဇာတ်ကား ကြည့်ပြီး အိန္ဒြာကျော်ဇင်က ယခုလို ပြောထားပါသေးတယ်။

“Lady Boy”မှာ ပြေးတာကအသက်” ဆိုပြီး ဇွန်လ(၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

Photo : အိန္ဒြာကျော်ဇင်

ပြေတီဦးဟာ Lady boy ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မိန်းမလျာ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရတဲ့အ ခန်းအနည်းငယ် ပါဝင်ထားတာတွေ့ရပါတယ်။ အဲဒီအပြင် တူမလေးဖြစ်တဲ့ မေတိုးခိုင်ကလည်း Lady Boy ဇာတ်ကားကို ကြည့်ပြီး ယခုလို ပြောထားပါသေးတယ်။

“ဟာသ၊ အက်ရှင် ၊ အချစ် ၊ ဒရာမာ အကုန် all in one ကြည့်ချင်တယ်ဆို Lady boy ကိုညွှန်းပါရစေ။ အရမ်းပါ ဘယ်လိုတွေပြေးလည်းဆိုတာ သွားကြည့်ကြပါ “ ဆိုပြီး ပြေတီဦး သရုပ်ဆောင်ထားတာနဲ့ ပတ်သက်လို့ ပြောထားပါသေးတယ်။

Photo : အိန္ဒြာကျော်ဇင်

ပြေတီဦးပါဝင်သရုပ်ဆောင်ထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးဟာ ဇွန်လ ၆ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပြေတီဦးနဲ့ ခင်လှိုင်တို့ဟာ လူဆိုးဂိုဏ်းတစ်ခုကို ထွက်ပြေးတိမ်းရှောင်ရမှ မလွှဲသာပဲ မိန်းမလျာ ပုံစံ၊ ထိုင်းစကားကို နားမလည်လို့ အခက်အခဲတွေ ရှိခဲ့တဲ့ လူနှစ်ယောက်က ထိုင်းနိုင်ငံမှာ နေရတာကို ဟာသလေးတွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။

Lady boy ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ခုနှစ်၊စက်တင်ဘာ လ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ ရက် ၂၀ အကြာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့ အတူ ထိုင်းမင်းသမီးလေး ကဒါဖီ ကလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က