ဂီတဖျော်ဖြေရေး အလုပ်တွေ များနေရှာတဲ့ ဆုပန်ထွာအတွက်တော့ မိသားစုကို အချိန်မပေးနိုင်ပေမယ့် သူမကို နားလည်ပေးတဲ့ ခင်ပွန်းကိုတော့ တစ်နေ့ထက် တစ်နေ့ ပိုချစ်မိတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။
Photo: ဆုပန်ထွာ
ဆုပန်ထွာဟာ ဒီရက်ပိုင်းမှာ ဂီတဖျော်ဖြေရေး တွေနဲ့ ခရီးတွေထွက် သီချင်းတွေ ဆိုနေတာကို တွေ့ရပါတယ်။ အလုပ်တွေ များနေတဲ့ သူမ အတွက်တော့ ခင်ပွန်းဖြစ်သူက အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တယ်ဆိုတာကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။
'' မိန်းမ အလုပ်များယောက်ယက်ခတ်တဲ့အချိန် Roar Roar လေးကိုကူထိန်းပေးတဲ့ဒယ်ဒယ်ကို ပိုချစ်မိပါတယ်။ မိန်းမအလုပ် အပေါ်လည်း နားလည်ပေးလို့ ဘယ်လောက်မောမော အမောပြေရပါတယ်။ ဒယ်ဒယ့်အကြောင်းတွေးလိုက်တိုင်း နွေးနွေး ထွေးထွေးနဲ့ ရင်ထဲအေးအေးချမ်းချမ်းလေးစိတ်ချမ်းသာရပါတယ်'' လို့ သူကဆိုပါတယ်။
Photo: Bling
ဆုပန်ထွာ တို့ မိသားစုလေးကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နဲ့ တွေ့ရတတ်တဲ့ သူတို့ မိသားစုလေး အကြောင်းကိုလည်း ဆက်လက် ပြောပြလာပါသေးတယ်။
''မိသားစုဆိုတာ စိတ်ထဲအေးချမ်းစွာ ဘာအပြစ်မှမရှိပဲမမြင်ပဲ ချစ်ရတာ အေးချမ်းလွန်းလှပါတယ်။ မိန်းမ ကိုစိတ်ချမ်းသာအောင် ထားနိုင်တဲ့ယောင်္ကျားမို့ တန်ဖိုးထားပြီးချစ်ပါတယ် ဒယ်ဒယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ဆုပန်ထွာ
သရုပ်ဆောင်ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့မှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သူတို့ နှစ်ယောက် ရဲ့ အိမ်ထောင်ရေးကိုတော့ အခက်အခဲတွေကြားက ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ကြားကနေ အခုလို အဆင်ပြေပြေ နေရတဲ့ အချိန်ထိ ခင်ပွန်းဖြစ်သူ ပြောနေကြ စကားကိုလည်း သူကပြောပြလာပါတယ်။
'' သူ အစ်မကို ပြောတာတွေ များလွန်းလို့ တစ်ခါတလေကျရင် မမက ယောကျ်ားလိုပဲ၊ သူက မိန်းကလေးလိုပဲ တစ်ခုချင်းလိုက် ပြောတာ။ တစ်ခါတလေကျရင် သူကအမြဲတမ်းပြောတယ် ငါက ချစ်ရတဲ့အခါကျတော့ ငါပင်ပန်းတယ်တဲ့။ သူအမြဲပြောတယ် ပေါ့နော်'' ဆိုပြီးတော့ နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကားအထူးပြပွဲမှာ Duwun Media ကို ဖြေဆိုခဲ့တာပါ။
Photo: Bling
ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့ စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။
Share