အချောလေးနော်။

ချိုသာတဲ့ အသံလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်က သူသဘောကျတဲ့ ယောကျာ်းလေး ပုံစံမျိုးကို ပြောပြထားတယ်နော်။

ချိုသာတဲ့ အသံလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်လေးက ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူလေးပါ။ အဲ့လိုမျိုး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သူမလေးက ဘယ်လို ကောင်လေးမျိုးကို သဘောကျလည်း ဆိုတာ Duwun Media သို့ ယခုလို ပြောပြထားပါတယ်။

“အခုစဉ်းစားမယ်ဆိုရင် မိသားစုကို ချစ်တတ်တဲ့သူမျိုး နောက်ပြီး သူများတွေကိုလည်း ချစ်တတ်တဲ့သူမျိုး ရိုးသားတဲ့သူ ပွင့်လင်းတဲ့သူ ရင့်ကျက်တဲ့ သူမျိုးပေ့ါ။ ပန်းရောင်အခုအင်တာဗျူး ဖြေရင်း စဉ်းစားမိတာလေး ပြောတာပါ။ “ ဆိုပြီး ဒီဇင်ဘာ(၁၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Brand Release & Product Introduction Event မှာ ဖြေဆိုပေးခဲ့တာပါ။

မိသားစုနဲ့သာ အမြဲတမ်း အတူတူသွားဖြစ်တဲ့ ပန်းရောင်ခြယ်အတွက် ရည်းစားစကား လာပြောတဲ့သူတောင် မရှိသေးဘူးလို့ ဆိုပါတယ်။ “မရှိပါဘူး။ ပန်းရောင် က အပြင်သွားရင်လည်း ဖေဖေနဲ့ မေမေတိုနဲ့ အတူ သွားတယ်။ သီချင်းဆိုတာ ဖြစ်ဖြစ် ပွဲသွားတာ ဖြစ်ဖြစ် ခရီးသွားတာ ဖြစ်ဖြစ် မိသားစု နဲ့ ၂၄ နာရီ ရှိနေတော့ ပန်းရောင်ကို စကားလာပြောတဲ့သူသိပ်မရှိဘူး“ လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

ပန်းရောင်ခြယ်ဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေ တက်ဖြစ်နေသလို သူမရဲ့ ပထမဦးဆုံး တစ်ကိုယတော်အခွေအတွက်ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဖခင်ရဲ့ Wake Up Daddy သီချင်းခွေထဲမှာ ပါဝင်သီဆိုခဲ့ရင်းနဲ့ ပရိသတ်တွေသတိထားမိလာရာက အခုဆိုရင် သူမက ပရိသတ်တွေအခိုင်အမာရရှိလို့နေပါပြီ။

တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါ သေးတယ်။

Share

Loading Next Article...
က္က