(၂) နှစ်သက်တမ်းအတွင်း အပြီးဆောင်ရွက်မှာပါ။

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ကို Smart Township အဖြစ် ကျန်ရှိတဲ့ NLD အစိုးရသက်တမ်း နှစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ပြောပါတယ်။

ပန်းဘဲတန်းမြို့နယ်က နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို တွေ့ရစဉ်။

မတ်လ ၂၅ ရက်က လမ်း ၃၀ အထက်ဘလောက်မှာ ဖွင့်လှစ်ခဲ့ လူငယ် အနုပညာ နောက်ဖေးလမ်းကြား ဖွင့်ပွဲမှာ ထိုသို့ ပြောကြားခဲ့တာပါ။ လက်ရှိတော့ Smart Township ဆောင်ရွက်နိုင်ဖို့အတွက် ပန်းဘဲတန်းမြို့နယ်မှာ CCTV တွေ တပ်ဆင်ထားပြီး လျှပ်စစ်မီးစနစ်၊ Wifi အခမဲ့စနစ်၊ Digital နဲ့မီတာဆောင်တဲ့စနစ်၊ Smart Car Parking စနစ် စတဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဘဆွေက ဆိုပါတယ်။

“Smart City ဖြစ်ဖို့က CCTY တပ်တာပြီးပြီ။ မီးတွေကို လမ်းကြားအားလုံးမှာ ထွန်းမယ်။ နောက်ဖေးလမ်းကြားတွေမှာ အကုန်မီးတပ်မယ်။ လျှပ်စစ်မီတာခိုးတာမရှိအောင် Digital မီတာတပ်မယ်။ Wifi Free ရဖို့ လှူမယ့် အော်ပရေတာလည်း ရှိနေပါပြီ။ အစိုးရခွင့်ပြုဖို့ပဲ လိုပါတယ်။ Smar Car Parking လည်းလုပ်မယ်“ ၎င်းက ပြောပါတယ်။

Smart Car Parking တည်ဆောက်ခြင်းနဲ့ ရေ၊မီးစနစ်ကိုတော့ ယခုနှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ကို Smart Township အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ပန်းဘဲတန်းမြို့နယ်ကိုတော့ ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က