ကျေးဇူးတင်စကားတွေ အများကြီးပြောချင်ပါတယ်တဲ့။

ဟန်တီဟာ မန္တလေးက ပရိသတ်တစ်ဦးပို့ပေးတဲ့ ဖန်သားပြင်ပေါ်မှာရေးဆွဲထားတဲ့ ပုံတူပန်းချီကား မွေးနေ့လက်ဆောင်ကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမကို ဆက်သွယ်ပါဦးလို့လည်း ပြောပြထားပါသေးတယ်။

Photo: Han Thi



န်တီက ဇူလိုင်လ ၂၅ ရက်နေ့က အသက် ၂၂ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ ပရိသတ်တစ်ဦးက မထင်မှတ်ထားတဲ့ လက်ဆောင်ကို ပေးခဲ့တာကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရတယ်လို့ ဟန်တီက ပြောပါတယ်။

’ မွေးနေ့လက်ဆောင် တစ်ခုရောက်လာတယ်။ အရမ်းလန့်သွားတယ်၊ လက်ဆောင်က အကြီးကြီးပဲ သစ်သားတွေ ဘောင်တွေနဲ့ သေချာရိုက်ပြီးထည့်ထားတယ်။ အထဲမှာလည်း ကောက်ရိုးတွေအများကြီးနဲ့ မကွဲအောင်လို့ဆိုပြီးတော့ မန္တလေးကနေ ရောက်လာတယ်ပေါ့နော်။ အရမ်းမိုက်တယ်နော်။ ဒီနှစ်မွေးနေ့မှာ တစ်ကယ်ကို တန်ဖိုးရှိတဲ့ လက်ဆောင်ပေါ့နော်။ ပညာသားလည်း အရမ်းပါသလို အမှတ်တရလည်း အရမ်းဖြစ်တယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

ဟန်တီဟာ ပုံတူပန်းချီကားလေး လက်ဆောင်ရလို့ အရမ်းကို ဝမ်းသာနေခဲ့တာပါ။ ဒီပန်းချီကားလေးကိုတော့ ဖန်သားပြင်ပေါ်မှာ ရေးဆွဲထားတာဖြစ်ပြီး ဘောင်ကိုတော့ ပိုက်လုံးတွေ ကာရံထားတာကို တွေ့ရပါတယ်။ ပန်းချီကားလက်ဆောင်ပေးတဲ့ မန္တလေးက ပရိသတ်ကို မသိရသေးဘူးလို့လည်း ဟန်တီက ပြောပါတယ်။

‘’ဟန်တီ သိမ်းထားရမယ့် ပန်းချီကားလေး နောက်တစ်ခု ရောက်လာပြီပေါ့။ ကိုယ်တိုင်ကလည်း ပန်းချီ ကြိုက်တော့ အရမ်းသဘောကျနေပါတယ်။ သူက မှန်ပေါ်မှာ ဆွဲထားတာဆိုတော့ အရမ်းမိုက်တယ်။ ပြီးတော့ အကြီးကြီးပဲ။ တစ်ကယ် ကျေးဇူးအများကြီးတင်ပါတယ်။ မန္တလေးကနေ ရန်ကုန်အထိ တကူးတက ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သဘက်ခါ ဟန်တီ မန္တလေးရောက်ပါမယ် မုန့်လည်း လိုက်ကျွေးချင်ပါတယ်။ ဟန်တီ့ကို ဆက်သွယ်ပေးပါ’’ လို့လည်း သူကဆက်လက်ပြောပြထားပါတယ်။

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Organization တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်အတွင်းမှာလဲ တောင်ကိုရီးယားနိုင်ငံက ဆုချီးမြှင့်တဲ့ Asia Model Award ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။

Photo: Han Thi

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က