ရဲလေးဟာ ပန်းချီ၊ ရုပ်ပြ ကာတွန်းတွေဆွဲတတ်တဲ့ ပညာရှင်တိုင်းကို လေးစားအားကျမိတဲ့အကြောင်းတွေ ပြောလာပါတယ်။
Photo: Ye Lay
အဆိုတော်ရဲလေးကတော့ အနုပညာနဲ့ ပတ်သက်လာရင် ပန်းချီဆွဲတာကိုလည်း အရမ်းဝါသနာကြီးခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဆိုလာပါတယ်။သူ့အနေနဲ့ ပန်းချီပညာရှင်၊ ရုပ်ပြကာတွန်းဆွဲတဲ့ ပညာရှင်တွေကိုလည်း အမြဲ လေးစားခဲ့တယ်လို့ ရဲလေးက ပြောပါတယ်။
"ဘဝမှာ ကာတွန်း တို့ပန်းချီတို့ဆိုရင်အရမ်းဆွဲတတ်ချင်ခဲ့တာ။ အဲဒီဘက်မှာပါရမီ မပါတာရယ်၊ လေ့လာမှုအားနည်းလို့ မဖြစ်မြောက်ခဲ့ဘူးခင်ဗျ။ ဒါပေမယ့် ပန်းချီ တို၊့ ကာတွန်းရုပ်ပြ တွေဆွဲတတ်တဲ့ပညာရှင်တွေ ကိုတွေ့တိုင်း မြင်တိုင်း အမြဲလေးစားအားကျခဲ့၊ အားကျမြဲပါ။ ကိုယ့်အသိုင်းအဝိုင်းမှာလည်းအာ့လို ပညာရှင်တွေကိုတွေ့တိုင်း အမြဲ respect ပါ။ တစ်ခါတစ်လေ သူတို့ရဲ့ပညာကို လည်းလေးစားရင်း သူတို့ကို အကူအညီတောင်းပြီးအမှတ်တရ ဆွဲစေခဲ့တဲ့ပုံတူပန်းချီကား သဘာဝပန်းချီကားတွေ လည်းရှိခဲ့ပါတယ်" ဆိုပြီးတော့ မေလ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။
Photo: Ye Lay
အဲဒီနောက် သူ့ရဲ့ ဓာတ်ပုံကို ရောင်စုံခဲတံလေးတွေနဲ့ ကြိုးကြိုးစားစား ဆွဲထားတဲ့ တူလေးကိုလည်း ရဲလေးက ကျေးဇူးတင်စကားဆိုထားပါတယ်။
"Art ဖြစ်နေတဲ့ခံစားချက်ပါတဲ့ ဘယ်အရာမဆို ကျွန်တော်တန်ဖိုးထားတယ်၊ သဘောကျတယ်ပေါ့ဗျာ။
ဘယ်ပညာရှင်မဆိုသေးသေးငယ်ငယ်ကြီးကြီး respect ပါ လေးစားစရာရှိရင်ချီးကျူး စရာရှိရင်လက်ခုပ်တီးတတ်တာ ကျွန်တော် အကျင့်ပါ။ အခု လည်း ကျွန်တော့်တူအရင်း( မောင်ပေါတီး) က ဦးရဲအတွက်တဲ့ သူကိုယ်တိုင်ဆွဲထားပြီးလက်ဆောင်ပေးသွားတယ်။ လေးစားပါတယ် တန်ဖိုးထားပါ့မယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ...ဘာပဲပြောပြောတူတာမတူထက် သူ့စေတနာလေးကိုအသိအမှတ်ပြုပါတယ်ခင်ဗျ" ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။
Photo: Ye Lay
ရဲလေး(Ye Lay)ဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း (၁၀) စုနှစ်တစ်ခုကို ကျော်လာပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။