ကိုဏကြီးကလည်း ပိုင်ဖြိုးသုအကြောင်းတွေပြောလာပါတယ်။

ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးကို ဦးရေခဲလို့ ခေါ်ရတဲ့အကြောင်းအရင်းကို ပြောပြလာပါတယ်။ New York Film Academy မှာကျောင်းတက်ပြီး ပြန်လာတဲ့ ဇနီးချောလေး ပိုင်ဖြိုးသု ရဲ့ တိုးတက်မှုတွေကိုလည်း ဒါရိုက်တာ ဏကြီးက ပြောခဲ့ပြန်ပါသေးတယ်။

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု တို့ ဇနီးမောင်နှံကိုတော့ အရမ်းချစ်စရာကောင်းတဲ့ စုံတွဲ တစ်တွဲဖြစ်တယ်လို့ ပရိသတ်အများစုက မှတ်ချက်ပေးထားတာဖြစ်ပါတယ်။ အရမ်း Ro ကြလို့ အားကျနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် ခင်ပွန်းဖြစ်သူ ဏကြီးကို ဦးရေခဲလို့ နာမည်ပေးထားတဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ပရိသတ်က ကိုယ့်ကို အကောင်းမြင်တယ်၊ အကောင်းပြောတယ်ဆိုရင်တော့ ပျော်တာပေါ့။ ကိုဏကြီးလား Ro မှာ ဦးရေခဲ။ တစ်ခါမှ မRo ဘူး။ သုသုကသာ ပေါက်ကရတွေ အရမ်းပြောတာ သူကအလကားဦးရေခဲ ဆိုတဲ့အတိုင်းပဲ မရဘူး ရေခဲတုံးလိုပဲ။ ကိုယ်က ပြောပြရင်တောင်မှ သူက မသိဘူး’’ လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုကတော့ လက်ရှိမှာ New York Film Academy မှာ ကျောင်းတက်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျောင်းကပြန်လာပြီးတဲ့နောက်မှာတော့ အလုပ်နဲ့ ပတ်သက်ပြီး စနစ်တကျသိလာတယ်လို့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးက ပြောပါတယ်။

‘’ အမှန်အတိုင်းပြောရရင် အစကတည်းကတော့ သူက အလုပ်လုပ်တတ်ပြီးသားပေါ့နော်။ ဒါပေမယ့် အခုကတော့ စနစ်တကျ သူ အကုန်သိသွားပြီ။ ကာရိုက်တာ တည်ဆောက်တာတွေဆိုရင်လည်း နာမည်နဲ့ တွဲသိသွားပြီ။ အားလုံးကိုလည်း သေသေချာချာ စနစ်တကျသိသွားပြီပေါ့’’ လို့ သူကဆိုပါတယ်။

Photo: RBV

သူတို့ ဇနီးမောင်နှံကလည်း တစ်ယောက်နဲ့ တစ်ယောက် ရင်ထဲကနေ တိတ်တခိုးချစ်ခဲ့ကြတဲ့ ကာလက ကြာတယ်လို့ ပိုင်ဖြိုးသုက သဘောကျရယ်မောရင်း ပြောပြလာခဲ့ပါတယ်။

‘’ တစ်ယောက်နဲ့ တစ်ယောက် Crush ကြတာကတော့ အတူတူလောက်ပဲထင်ပါတယ်။ သူက ဦးရေခဲဆိုတော့ တော်တော်နဲ့ မသိဘူး။ ကိုယ်က သူ ကိုယ့်ကိုကြိုက်နေမှန်းတောင် တော်တော်ကြာတဲ့အထိ မသိဘူး။ တစ်နှစ်လောက်ပေါ့ သူဖွင့်ပြောတော့မှပဲသိတာ’’ ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ညက စပွန်ဆာရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Paing Phyo Thu

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးဟာ အောင်မြင်မှုရရှိနေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို ပိုင်ဖြိုးသုကလည်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က