စိတ်မကောင်းဖြစ်မိပါတယ်။

တိုင်ရွန်က ပန်းရောင်းရင်းစာသင်နေရတဲ့ ကလေးငယ်တွေကို ပန်း ကူရောင်းပေးရတဲ့ ဇာတ်ဝင်ခန်းအကြောင်း ပြောပြလာပါတယ်။ ဒီကာရိုက်တာအတွက် သူ့ရင်ထဲက ခံစားချက်ကိုလည်း အခုလိုပြောပြလာပါတယ်။

Photo: တိုင်ရွန်



တိုင်ရွန်က လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားရဲ့ ရိုက်ကွင်းပေါ်မှာ ပန်းရောင်းနေတဲ့ ဇာတ်ဝင်ခန်းပုံလေးတွေနဲ့ ပတ်သက်ပြီး Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီဇာတ်ဝင်ခန်းဟာ ပန်းရောင်းရင်း စာသင်နေရတဲ့ ကလေးတွေကို ကူညီပေးနေတဲ့ ဇာတ်ဝင်ခန်းဖြစ်တယ်လို့ သိရပါတယ်။

‘’ ဇာတ်ဝင်ခန်းထဲက ဆင်းရဲတဲ့အခန်းမဟုတ်ဘူး၊ စာသင်တဲ့ ကလေးတွေကို ပန်းကူရောင်းပေးတဲ့ အခန်းကို ပြောတာပါ။ ခံစားချက်ကတော့ တကယ်ရောင်းရင်းနဲ့ ရိုက်တာဆိုတော့ တချို့ကားတွေကျတော့ မှန်တောင်မချပေးတာတို့၊ မဝယ်ဘူးဆိုပြီးတော့ ကားမောင်းထွက်သွားတာမျိုးတွေအတွက် ခံစားချက်ကတော့ စိတ်မကောင်းအများကြီးဖြစ်ပါတယ်’’  လို့ သူကဆိုပါတယ်။

Photo: တိုင်ရွန်

တိုင်ရွန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း မတ်လ ၂၉ ရက်နေ့ ညက ပန်းရောင်းနေရတဲ့ ဇာတ်ဝင်ခန်းက အမှတ်တရပုံလေးတွေကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာ တွေ့ရပါတယ်။

‘’ လမ်းကြုံရင်ပန်းလေးအားပေးသွားပါဦး ...Ps; ဇာတ်ထဲမှာ ဆင်းရဲသားပန်းရောင်းတဲ့အခန်းမဟုတ်ပါ အကြောင်းရှိလို့ရောင်းတဲ့အခန်း တံတားအောက် စာသင်တဲ့ကလေးတွေအစား ပန်းကူရောင်းပေးနေသော’’ ဆိုပြီးတော့ တင်ခဲ့တာပါ။

Photo: တိုင်ရွန်

 ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Photo: တိုင်ရွန်

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က