နေမကောင်းဖြစ်လို့နေပါတယ်။

မင်းသမီးချောလေး ရွှေမှုန်ရတီက နေမကောင်းဖြစ်နေတာကြောင့် ခင်ပွန်းဖြစ်သူကို အနားမှာရှိစေချင်နေပါတယ်။ သူတို့ဇနီးမောင်နှံကတေော့ အရမ်းကိုချစ်ကြသူတွေ ဖြစ်ပါတယ်။

Photo: Shwe Mhone Yati

ရွှေမှုန်ရတီကတော့ နေမကောင်းဖြစ်နေချိန်မှာ ခင်ပွန်းဖြစ်သူကို လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ထားပါတယ်။ အလုပ်ကိစ္စကြောင့် ဇနီးချောလေးနဲ့အနေဝေးနေတဲ့ ရွှေထူးကလည်း ဇနီးချောလေးအနားကို အမြန်ဆုံး ပြန်လာချင်နေပါပြီတဲ့။

‘’လွမ်းတယ် နေမကောင်းတော့ ပို လွမ်းတယ် ယောကျာ်းရယ်။ ဖက်ထားချင်တာပဲသိတယ်’’ ဆိုပြီးတော့ ရွှေမှုန်ရတီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၃ ရက်နေ့ ညနေ ၃ နာရီခွဲကျော်ကရေးသားထားတာ တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးကလည်း ‘’ Myan Myan pyan lr k mal naw... Main ma yay... Sate puutal” (မြန်မြန်ပြန်လာခဲ့မယ်နော် မိန်းမရေ စိတ်ပူတယ်) ဆိုပြီးတော့ Comment ပြန်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရွှေထူးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း '' မိန်းမထည့်ပေးလိုက်တဲ့ ဝက်သားဗာလချောင်ကြော်လေးရယ်... ချဉ်ပေါင်ကြော်လေးရယ်နဲ့ အလွမ်းပြေလေး နေ့လည်စာ စားဦးမယ်..Missing'' ဆိုပြီးတော့ ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ က တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Shwe Mhone Yati

သူတို့ ဇနီးမောင်နှံကို ချစ်တဲ့ ပရိသတ်တွေကလည်း နေမကောင်းဖြစ်နေတဲ့ ရွှေမှုန်ရတီကို Comment ကနေ အားပေးစကားတွေ ပြောထားပါသေးတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၅ လရှိပြီဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြသူတွေဖြစ်လို့လည်း ပရိသတ်တွေက လေးစားအားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။

Photo: Shwe Mhone Yati

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

ရွှေမှုန်ရတီကတော့ အိမ်ထောင်ကျပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးကလည်း သီချင်းအသစ်တွေ ဖန်တီးနေတာ ဖြစ်သလို ဇနီးချောလေးအတွက်လည်း သီချင်းတွေ ရေးပေးဦးမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က