ဒီနေ့က သူမအတွက် ထူးခြားတဲ့နေ့လေး တစ်နေ့ပါ။

မယ်လိုဒီက ခင်ပွန်းဖြစ်သူအပေါ် မိခင်က ချီးကျူးပြောဆိုခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ သောကြာနေ့က သူမအတွက်တော့ ထူးခြားတဲ့နေ့တစ်နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်



မယ်လိုဒီ တစ်ယောက် ခင်ပွန်းဖြစ်သူ ကိုသာကောင်းကို မိခင်က ချီးမွမ်းပြောဆိုသံ ကြားရလို့ ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။

‘’သောကြာနေ့ အမျိုးသားအတွက် ကိုယ်စား ခင်ပွန်းကြီးဆယ်ပါးကပ်ပြီး အပြစ်ဝန်ချနေချိန်မှာ အမေ့ အခန်းထဲကနေ သားသမက်အား ဘယ်လိုရိုးသားကြောင်းချီးမွမ်းသံ ကြားလိုက်ရသောကျွန်မ ရင်ထဲမှာ ဘာညာဘာညာပေါ့’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မယ်လိုဒီဖေ့စ်ဘွတ်

သောကြာနေ့ဟာ မယ်လိုဒီအတွက်တော့ အမှတ်တရတွေ များတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ သူမရဲ့ မိခင်ဖြစ်သူက သောကြာ ဖြစ်သလို၊ ခင်ပွန်းဖြစ်သူကလည်း သောကြာဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ တစ်ဦးတည်းသော သားလေးကလည်း သောကြာသားလေး ဖြစ်ပါတယ်။

‘’အိမ်မှာ သောကြာတွေ ပျော်နေတယ်ရှင့်။ ကျွန်မလည်း ကြည်နူးမိပါတယ်။ အထူးသဖြင့် ဒီနေ့လေး ပိုကြည် နူးရပါတယ်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်’’ ဆိုပြီးတော့ ဆက်လက်ပြောပြလာပါတယ်။

Photo: Amazing Grace

မယ်လိုဒီဟာ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူချစ်ရတဲ့ ခင်ပွန်းကတော့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။ သူချစ်ရတဲ့ သားလေး သိဒ္ဓိစစ်ကတော့ ကျောင်းတက်နေတဲ့အရွယ်ဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးပါ

Photo: မယ်လိုဒီဖေ့စ်ဘွတ်

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မကြာခဏ တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်ကို ချစ်ကြပါတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က