အနုပညာအလုပ်ကို အရမ်းပံ့ပိုးပေးတယ်။

မြနှင်းရည်လွင် တစ်ယောက် ခင်ပွန်းဖြစ်သူကို သဝန်တိုစေချင်ပေမယ့်လည်း ခင်ပွန်းက သဝန်မတိုတတ်လို့ အခက်တွေ့နေပုံပါပဲ။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေး ဖြတ်သန်းပုံလေးကလည်း တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။

Photo: Mya Hnin Yee Lwin

သရုပ်ဆောင် မြနှင်းရည်လွင်ကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ အိမ်ထောင်ရေးအကြောင်းကို ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း နားလည်မှု အပြည့်အဝ ထားကြတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မShare ဖြစ်ရင်တောင်မှ နှစ်ယောက်အတူတူ ပုံကြည့်ပြီးတော့ နောက်နေကြပဲ။ သူက တစ်ခါတလေကျရင်တောင် ဟဲ့ Share လေဆိုပြီးတော့ ပြောတယ်။ သူက တိတ်တိတ်ပုန်း သုံးတဲ့လူပေါ့နော်။ အရမ်းကြီး စာရေးတာတွေမရေးဘူး။ အစ်မက ကျတော့ Mister ပြိုင်ပြီဟေ့ဆိုလည်း Share လိုက်ပြန်ပြီ၊ ထူးအောင် ပုံဆိုရင်လည်း Share လိုက်ပြန်ပြီပေါ့နော်’’ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့က ‘’မြင့်မိုရ် ဝှက်တဲ့ ပုစ္ဆာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပေးပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Mya Hnin Yee Lwin

မြနှင်းရည်လွင်ကတော့ ခင်ပွန်းဖြစ်သူ ကိုမျိုးသွင်နဲ့ အိမ်ထောင်ကျတာ အတော်ကြာနေပါပြီ။ ဒါပေမယ့် သူမကို သဝန်မတိုတတ်တဲ့ ခင်ပွန်းဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

‘’ သဝန်တိုတာကတော့ မြနှင်းက သူ့ကို သဝန်တိုစေချင်တာပေါ့နော်။ ဒါပေမယ့်လည်း မတိုတတ်ဘူးဖြစ်နေတာ။ အလုပ်အတွက်တော့ အထောက်အကူဖြစ်တာပေါ့နော်။ ကိုယ်ကတော့ လိုက်ပြီး သဝန်တိုတာများတယ်။ ဒါပေမယ့် ကိုယ်က အခု အပြင်ထွက်နေရတာများတော့ သူ့ကို သဝန်တိုဖို့အချိန် မတွေ့သေးဘူးပေါ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Mya Hnin Yee Lwin

အနုပညာအလုပ်နဲ့ ပတ်သက်လာရင် ခင်ပွန်းဖြစ်သူရဲ့ ပံ့ပိုးမှုတွေ အများကြီးရတယ်လို့ ဆိုပါတယ်။

‘’ကိုမျိုးသွင်နဲ့ ကံစပ်တယ်လို့လည်း ပြောလို့ရတာပေါ့နော်။ အလုပ်နဲ့ပတ်သက်လာရင် သူက အထောက်အကူပေးပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှု မရှိဘူးပေါ့နော်။ အဲဒါကြောင့်လည်း အနုပညာအလုပ်တွေကို လွတ်လွတ်လပ်လပ် လုပ်နေရတာလည်းပါတယ်။ အိမ်ထောင်မရှိတုန်းကတော့ ဘာမှ မဖြစ်သေးဘူး။ အခုကျမှပေါ့နော်။ ဒါကလည်း အချိန်တစ်ခုကြောင့်ပဲလို့ထင်ပါတယ်’’လို့ သူကဆိုပါတယ်။

Photo: Mya Hnin Yee Lwin

သရုပ်ဆောင်မြနှင်းရည်လွင်ကတော့ ဧဒင်နတ်သမီးရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးနောက် အိမ်ထောင်ပြုလိုက်တဲ့အတွက် နှစ်အနည်းငယ် လောက် ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အနုပညာအလုပ်ကို အားပေးတဲ့ ခင်ပွန်းကြောင့်ပဲ ၂၀၁၇ ခုနှစ်အတွင်းမှာ ရုပ်ရှင် ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလက်ခံခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ မကြာခင်မှာ အိမ်ထောင်သက် ၅ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။



Share

Loading Next Article...
က္က