နန္ဒာလှိုင်က ဒီနေ့မှာ ခင်ပွန်းနဲ့အတူ ဘုရားထီးတင်လှူပွဲမှာ ပါဝင်ကုသိုလ်ယူနေတာတွေ့ရပါတယ်။ ဘုရားထီးတင်ပွဲမှာလည်း သိန်း(၅၀၀) လှူဒါန်းခဲ့ပါသေးတယ်။
Photo : နန္ဒာလှိုင်
သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့သူတွေပါ။ ဒီနေ့(မေလ၄ရက်)မှာလည်း ခင်ပွန်းနဲ့အတူ အလှူအတန်းတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ စူဠသီရိမာသောကမင်း တည်ထားတော်မူတဲ့ ဒေးခင်ရွှေစေတီတော် မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်နဲ့ ရတနာစိန်ဖူးတော် တင်လှူပွဲတွင် သာသနာအတွက် သိန်း(၅၀၀) လှူဒါန်းခဲ့ပါသေးတယ်။ ထီးတော်တင်လှူပွဲက ပုံလေးတွေကိုလည်း နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၄) ရက်နေ့က တင်ထားတာတွေ့ရပါတယ်။
Photo : နန္ဒာလှိုင်
နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဘုရားတည်၊ ကျောင်းဆောက်တာတွေမှာ ပါဝင်ကုသိုလ်ယူဖြစ်သလို အခြား ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။
Photo : နန္ဒာလှိုင်
နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။