နယ်သာလန်နိုင်ငံအခြေစိုက်ကုမ္ပဏီ တစ်ခုနဲ့ပူးပေါင်းဒီဇိုင်းပုံဖော်ထားတဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြကွက်၊ နယ်သာလန်နိုင်ငံကိုယ်စားပြုပြကွက်၊ အီတလီနိုင်ငံကိုယ်စားပြုပြကွက် နဲ့ ယူကေနိုင်ငံကိုယ်စားပြုပြကွက်ဆိုပြီး ပန်းပွင့်ပေါင်းခြောက်သိန်းကျော်ပါဝင်တဲ့ပန်းပြကွက်တွေအများကြီးနဲ့ခင်းကျင်းပြသထားကြောင်း သိရပါတယ်။

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်တဲ့ ပန်းပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကစလို့ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ၁၄ ကြိမ်မြောက်ပန်းပွဲတော်အဖြစ်နဲ့ကျင်းပပြုလုပ်နေတဲ့ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဥ◌်မှာ ပန်းပွင့်ပေါင်းခြောက်သိန်းကျော်ပါဝင်တဲ့ပန်းပြကွက်မျိုးစုံ ခင်းကျင်းပြသထားတာပဲ ဖြစ်ပါတယ်။

အခုနှစ်ပန်းပွဲတော်ကို အရင်နှစ်တွေကထက်ပိုမိုထူးခြားတဲ့အပြင်အဆင်တွေနဲ့ကျင်းပပြုလုပ်နေတာလို့လည်းသိရပြီး နယ်သာလန်နိုင်ငံအခြေစိုက်ကုမ္ပဏီ တစ်ခုနဲ့ပူးပေါင်းဒီဇိုင်းပုံဖော်ထားတဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြကွက်၊ နယ်သာလန်နိုင်ငံကိုယ်စားပြုပြကွက်၊ အီတလီနိုင်ငံကိုယ်စားပြုပြကွက် နဲ့ ယူကေနိုင်ငံကိုယ်စားပြုပြကွက်ဆိုပြီး

ပန်းပွင့်ပေါင်းခြောက်သိန်းကျော်ပါဝင်တဲ့ပန်းပြကွက်တွေအများကြီးနဲ့ခင်းကျင်းပြသထားကြောင်း ကန်တော်ကြီး အမျိုးသားဥယျာဉ်မန်နေဂျာ ဦးနေမျိုးအောင်က Duwun ကို ပြောပါတယ်။

ပွဲတော်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၀ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က