ခင်ပွန်းဆီက ဖခင်မေတ္တာတွေ ရတယ်လို့ ရွှေမှုံက ရင်ဖွင့်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီမှုတွေနဲ့ ဖြတ်သန်းနေတဲ့အကြောင်းကို ရွှေမှုံရတီက ပြောပြလာပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးဆီကနေ ဖခင်မေတ္တာကို ပြန်ရတယ်ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ ဇနီးမောင်နှံဟာ အိမ်ထောင်ကျပြီးနောက် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်မှုတွေ ပိုတိုးလို့လာပါတယ်။ ရွှေထူးရဲ့ ဂရုတစိုက်ရှိမှုတွေအပေါ် ရွှေမှုံရတီက မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။



‘’ အိမ်ထောင်ကျပြီး သိပ်မကြာသေးဘူး၊ ကိုယ့်ကိုသူက အဖေတစ်ယောက်လို ဂရုစိုက်တယ်။ ဖခင်မေတ္တာကို ရတယ်ဆိုတော့ သဲက ငယ်ငယ်ကတည်းက အလုပ်ထွက်လုပ်ရတာဆိုတော့ မိခင်မေတ္တာပဲ ရတယ်လို့ပြောရမှာပေါ့နော်. ဖေဖေ က အိမ်မှာပဲ ကျန်ခဲ့တာမျိုးဆိုတော့ ကောင်းကောင်းစကားမပြောဖြစ်ဘူး။ ငယ်ငယ်ကပဲ ရင်းရင်းနှီးနှီးရှိတာ။ အိမ်ထောင်ကျသွားတော့လည်း မိဘတွေနဲ့ ပိုဝေးသွားတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ရခဲ့ဖူးတဲ့ ဖခင်မေတ္တာတွေသူက ပြန်ပေးတယ်။ အဲ့ဒီအတွက်ကြောင့် သူ့ကို တလေးတစားနဲ့ ပါပါးလို့ခေါ်တယ်။ နွေးထွေးတဲ့ ရင်ခွင်တစ်စုံလည်းပေးတယ်၊ မေတ္တာတွေလည်း ပေးတယ်လို့ ခံစားရလို့’ လို့ သူကဆိုပါတယ်။

အခက်အခဲတွေ အများကြီးကြားက အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ခဲ့တဲ့ သူတို့ရဲ့ အိမ်ထောင်သည်ဘဝလေးကိုလည်း ရွှေမှုံက City FM ပွဲကို တက်ရောက်ရင် းမီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါသေးတယ်။

‘’ အဓိက ကတော့ နှစ်ယောက်စလုံးက သည်းခံတာပေါ့။ နားလည်မှုတွေ မလိုဘူး။ တစ်ယောက်နဲ့ တစ်ယောက် သည်းခံနိုင်မှု၊ ချစ်တာ၊ ဂရုစိုက်တာတွေ အားလုံးကပဲ တစ်လောကလုံးနဲ့ နှစ်ယောက်ဖြစ်သွားတာပေါ့။ အဲ့ဒီအချိန်မှာ လက်ကလေးကိုင်ထားပြီး အားရှိနေကြတာ။ အသားလေးထိရင်တောင် ချိုတယ်ဆိုတာမျိုးပေါ့’’ လို့ ဆိုပါတယ်။

ရွှေမှုံရတီဟာ ရွှေထူးအတွက် ဇနီးချောလေးဖြစ်သလို၊ ဇနီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ ဂီတဖန်တီးမှုတွေ အပေါ်မှာလည်း စိတ်ဓာတ်မကျဖို့၊ တေးသီချင်းကောင်းလေးတွေ ဖန်တီးနိုင်ဖို့ ကိုလည်း အမြဲတမ်း အားပေးစကားပြောဖြစ်တယ်လို့ သူကဆိုပါတယ်။

‘’ သည်း အမြဲသူ့ကို ပြောပါတယ်၊ ပရိသတ်ဆိုတာက ကိုယ်ဘာကြီးဖြစ်နေ၊ ဖြစ်နေ ချစ်ပေးနေတာက ပရိသတ်အစစ်ပါလို့။ လူသန်းပေါင်းများစွာရှိတဲ့အထဲက ကိုယ့်ကို လူအယောက် ၁၀၀ ကပဲ ချစ်နေ ချစ်နေ၊ တစ်ယောက်တည်းကပဲ ချစ်နေပါစေ အဲ့ဒီ တစ်ယောက်က မိန်မိန်းဖြစ်နေခဲ့မယ်ဆိုရင် မိန်မိန်းအတွက်ပဲ ဖန်တီးပေးပါလို့ပြောဖြစ်တယ်။ သည်းက ကမ္ဘာပေါ်မှာ သူ့ကို အယုံကြည်ဆုံးလူတစ်ယောက်၊ သူ့ကိုအချစ်ဆုံးလူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။ အဓိက ကတော့ သည်းပြောချင်တာ ပရိသတ်ကြီးက သူ့ကို များများပိုချစ်ပေးပါ။ သူ့ကိုလည်း အရမ်းကြီး မမုန်းကြပါနဲ့ သည်းက မေတ္တာရပ်ခံတာပေါ့နော်’’ လို ဆက်လက်ပြောပြထားပါတယ်။

Photo: Nay Min Tun (Amazing Grace)

သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လု ပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က