ဘာတွေခံစားနေရပြန်ပြီလဲ။

ရွှေမှုံရတီက ရွှေထူးအတွက် အားပေးစကားလေး ပြောထားတာပါ။ ဝေဖန်မှုတွေကြားထဲက တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးလေးက အများအားကျစရာပါ။

သရုပ်ဆောင် ရွှေမှုံရတီရဲ့ သူ့ရဲ့ My Story မှာ ခင်ပွန်းဖြစ်သူရွှေထူးအတွက် အားပေးစကားလေး ပြောထားတာတွေ့ရပါတယ်။ လူတွေရဲ့ အပြောတွေကြောင့် ရင်ဘတ်တွေ အောင့်နေပြီလား အားတင်းထားပါဆိုပြီး ရွှေမှုံက ပြောထားတာပါ။



“ယောကျာ်း ပင်ပန်းနေပြီလား လူတွေရဲ့ ပြောမှုတွေကြောင့် ရင်ဘက်တွေ အောင့်နေပြီလား၊ အားတင်းထားပါယောကျာ်းရယ် မိန်းမိန်းရှိတယ်နော်။ကျားကျားက မိန်းမိန်းကို ပျော်အောင် ထားနေပေမယ့် ကျားဘယ်လောက်ထိ စိတ်ပင်ပန်းနေမလဲမိန်းသိပါတယ်။ကလေးရယ်။ဘယ်သူတွေဘာပြောပြောကျားကျားက မိန်းမိန်းယောကျ်ားပါပဲ။မိန်းအတွက်တော့ အတော်ဆုံးနဲ့ ယျေ်ားအဆန်ဆုံးယောကျာ်းတစ်ယောက်ပါ။ အားလုံး ပြောသမျှတွေက ဘောင်မဝင်ပါဘူးကလေးရယ်” ဆိုပြီး သူမရဲ့ story မှာ ဒီဇင်ဘာ(၂၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

ဝေဖန်မှုတွေကြားထဲက နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ ဘဝလေးက အရမ်းကို သာယာလွန်းလှပါတယ်။သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာပဲ မင်္ဂလာပွဲ ဆင်နွှဲ ခဲ့ကြပါတယ်.

ရွှေထူး နဲ့ ရွှေမှုန်ရတီ တို့ စုံတွဲလေးရဲ့ '' အမှား'' ဆိုတဲ့ သီချင်းလေးကလည်း လက်ရှိ ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတာဖြစ်ပါတယ်. ဥရောပနိုင်ငံတွေကို ဟန်းနီးမွန်းထွက်ခဲ့တဲ့ သူတို့ စုံတွဲလေးကတော့ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လုပ်နေကြနတာ တွေ့ရပါတယ်.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က