အချစ်မလျော့ကြစေဖို့ တောင်းဆိုခဲ့ပါတယ်။

ပိုးအိအိခန့်က ခင်ပွန်းဖြစ်သူ အောင်သူနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို မယုံကြစေဖို့ ပြောပြလာပါတယ်။ သူမရဲ့ ခင်ပွန်းကိုလည်း ဆက်လက် အားပေးဖို့ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။

Photo: Poe Ei Ei Khant

သရုပ်ဆောင် ပိုးအိအိခန့်က အခုဆိုရင် နာမည်ကျော်ဘောလုံးအားကစားသမား အောင်သူရဲ့ ဇနီးချောလေးတစ်ယောက်ဖြစ်လို့နေပါတယ်။ လက်ရှိမှာလည်း ခင်ပွန်းဖြစ်သူကို ပရိသတ်တွေ ဆက်လက်အားပေးဖို့ တောင်းဆိုလာတာကိုလည်း တွေ့ရပါတယ်။

‘’ ကိုအောင်သူနဲ့ ပတ်သက်ပြီး ဘာလေးပြောပြချင်သလဲဆိုတော့ အခုချိန်မှာ ကိုအောင်သူ့ကို ချစ်တဲ့ ပရိသတ်တွေ အကုန်လုံး အားပေးကြပါ။ သူက အခုချိန်မှာ ခြေစွမ်းကျတာလို့ ပြောဖို့ထက် ခြေစွမ်းပြခွင့်မရတာပေါ့နော်။ တစ်ခါတလေကျတော့လည်း ဘောလုံးသမားမှ မဟုတ်ဘူး၊ လူတိုင်းမှာ ကံ အနိမ့်၊ အမြင့်၊ အတက်၊ အကျရှိတယ်။ အဲ့ဒီလို အခြေအနေမျိုးကို ရင်ဆိုင်နေရတဲ့အတွက်လို့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားပါတယ်’’ လို့ မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် Live လွှင့်ရင်းပြောပြခဲ့တာပါ။ 

Photo: Poe Ei Ei Khant

ပိုးအိအိခန့်ဟာ သူ့ခင်ပွန်း အောင်သူ ရဲ့ သတင်းအမှားတွေကိုလည်း ပရိသတ်တွေ မယုံကြစေဖို့ အကြံပြုစကားဆိုခဲ့ပါသေးတယ်။

‘’ သူကလေ ကြိုးစားနေကြအတိုင်း၊ ကြိုးစားနေမြဲ၊ ကြိုးစားနေပါတယ်။ ပရိသတ်ကြီးကို အဲဒါလေးပြောချင်ပါတယ်။ တစ်ခါတလေကျရင် တချို့ Page တွေ၊ တချို့အကောင့်တွေကနေ ကိုအောင်သူ့ရဲ့ ပါးစပ်ကနေ မပြောဘဲ၊ ကိုအောင်သူတို့ အသင်းကနေ မထုတ်ပြန်ဘဲနဲ့ သတင်းတွေ ထွက်နေတာ ရှိပါတယ်။ အဲဒါတွေကို မယုံကြပါနဲ့။ သူတစ်ခုခုပြောင်းလဲတော့ မယ်ဆိုရင်တော့ ကြေညာမှာပါ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Poe Ei Ei Khant

ကြိုးစားပေမယ့်လည်း ကံတရားကြောင့် ကောင်းတာတွေရှိသလို၊ မကောင်းတာတွေလည်း ဖြစ်တတ်တယ်လို့ ပိုးအိအိခန့်က ပြောပါတယ်။

‘’ လူဆိုတာလည်း တစ်ခါတလေကျလို့ရှိရင် ကြိုးစားတယ်၊ အရာမထင်တဲ့အချိန်တွေရှိတယ်။ တစ်ခါတလေကျရင် အခွင့်အရေးဆိုတာ ကိုယ်ကနေပြီးတော့ ယူစရာမလိုပဲ ကိုယ့်ဆီကို ရောက်လာတာမျိုးတွေရှိတယ်။ အဲ့ဒီလိုအချိန်က ကံကောင်းနေတဲ့အချိန်။ ကံမကောင်းတဲ့အချိန်မှာ အခွင့်အရေးကို ဆုံးရှုံးရတဲ့ အချိန်မျိုးတွေ ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Poe Ei Ei Khant

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပိုးအိအိခန့်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့သူလေးဖြစ်ပါတယ်။ သူမဟာ ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေ(မဟာဘွဲ့) ကို ရရှိထားသူပါ။ လက်ရှိမှာတော့ သူမက ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုသာ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ သိပ်မကြာသေးခင်က ပဲ ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးထားပါသေးတယ်။

Share

Loading Next Article...
က္က