ဧပြီလ ၅ ရက်နေ့က ပိုင်ဖြိုးသုရဲ့ မွေးနေ့ဖြစ်ပါတယ်။

ပိုင်ဖြိုးသုက သူမရဲ့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူပေးတဲ့ အမှတ်တရ လက်ဆောင်ကြောင့် ပျော်ရွှင်လို့နေပါတယ်။ အိမ်ထောင်ကျပြီးမှ Ro တတ်လာတဲ့ ခင်ပွန်းအကြောင်းကိုလည်း ပိုင်ဖြိုးသုက အခုလိုပြောပြထားပါတယ်။

Photo: RVB



ဧပြီလ ၅ ရက်နေ့ (ဒီနေ့)ကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ပိုင်ဖြိုးသုရဲ့ မွေးနေ့ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့်လည်း အပျော်ကြီးပျော်နေတာ တွေ့ရပါတယ်။

‘’သူ့ရဲ့ ပထမဦးဆုံး ပိုးကြေးပန်းကြေးပေးခဲ့ဖူးတဲ့ လက်ဆောင်မျက်မှန်လေး။ မိမိက မရှပ်ပြာပြာကလပ်စိန် ဖျောက်ပစ်မိလိုက်လို့ အဲဒီမျက်မှန်လေးကို မိမိအရမ်းကြိုက်မှန်းလည်း သိလို့ မရ ရအောင်ပြန်ရှာဝယ်ပေးတာ’’ ဆိုပြီးတော့ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၁ နာရီကျော်က သူမရဲ့ Facebook Story မှာ တင်ထားတာ တွေ့ရပါတယ်။



Photo: RBV

ဒါရိုက်တာ ဏကြီးက ဇနီးချောလေး ပိုင်ဖြိုးသုအတွက် Valentine’s Day တုန်းကလည်း လက်ဆောင်အဖြစ် Romantic ဆန်ဆန် Dinner ပွဲလေးနဲ့ အမှတ်တရ လက်ဆောင်လေးကို ပေးခဲ့ဖူးပါသေးတယ်။

‘’ ဒီတစ်ခါတော့ ကိုယ်လိုချင်နေတာလေး ကွက်တိ၊ အိမ်ထောင်ကျပြီးမှ ရုတ်တရက် Ro လာသူကြီး’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ Facebook Story မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် ရိုမန့်တစ်ဆန်တဲ့ ညစာစားဖို့ ပြင်ဆင်နေတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး ပုံကိုလည်း တင်ခဲ့ပါတယ်။

Photo: RBV

အိမ်ထောင်ကျပြီးမှာ အရမ်းကို Romatic ဆန်လာတဲ့ ခင်ပွန်းကြောင့် ပိုင်ဖြိုးသုကတော့ အမြဲတမ်း ပျော်ရွှင်နေရပါတယ်တဲ့။ သူမက လက်ရှိမှာ ဒါရိုက်တာခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသား ဇဏ်ခီနဲ့ အတူ တွဲဖက်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခင်သဇင်၊ မြင်စိုင်းသားအောင်အောင်၊ ဂျူးဂျူးကေ နဲ့ တခြား အနုပညာရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Photo: RBV

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က