ကြည်နူးစရာအကြောင်းအရာလေးတွေကို ရေးသားထားပါတယ်။

သန္တာလှိုင်က သူ့ရဲ့ ခင်ပွန်းနဲ့အတူ ကြည်နူးစရာအကြောင်းအရာလေးတွေကို မကြာခဏ တွေးမိတဲ့ အကြောင်းလေးတွေကို ရေးသားထား ပါတယ်။ သူ့အနေနဲ့ ဒုတိယအိမ်ထောင်ပြုလိုက်ပေမယ့် နောက်ထပ် ကလေးထပ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

Photo: Thandar hlaing Facebook

 

နာမည်ကျော်မော်ဒယ်လ် သန္တာလှိုင် ဟာ ဒီနေ့ အနုပညာလောကထဲမှာ ဒီနေ့ အချိန်ထိ ပရိသတ်အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။ သူ့ ရဲ့ ခင်ပွန်းက သူ့အပေါ်ထားတဲ့ ခံစားချက်၊ သူကိုယ်တိုင်ကလည်း ခင်ပွန်းဖြစ်သူအပေါ် ထားတဲ့ ခံစားချက် အကြောင်းတွေကို လည်း တစ်ဖွဲ့ တစ်နွဲ့ အခုလို ရေးသားထားပါတယ်။

''သူက ကိုယ့်ကို အထင်ကြီးပြီးကြွေနေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင် သြော် လွန်ခဲ့တဲ့ ၃ နှစ်ကတွေ့ခဲ့တဲ့ ကောင်လေးပါလားလို့ ခံစားရတယ်။ အလုပ်ထဲရောက်လို့ ဆရာကြီးက ကိုယ်မမြင်တာတွေ ကြိုတွေးပြီး မိန်းမကို လိုအပ်တာတွေ နောက်ကနေ guidline ပေးနေရင် ဪ ငါ ကံ ကောင်းလိုက်တာ အားကိုးရတဲ့ ယောကျ်ား ရထားပါလားလို့ တွေးပြီး ကိုယ်ကသူ့ကို ပြန်ကြွေရပြန်ရော အပြန်အလှန် ကြွေဆိုတာ ဒါကိုပြော တာဖြစ်မယ်'' ဆိုပြီးတော့ သြဂုတ်လ ည ၇ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Thandar hlaing Facebook

 

သန္တာလှိုင်ဟာ ပထမ အိမ်ထောင်နဲ့ ကွဲသွားခဲ့ပြီးနောက် သားသမီး နှစ်ယောက်ကို တစ်ဦးတည်းပြုစုပျိုးထောင်ရင်း အောင်မြင်မှုတွေ ရနေ တုန်း ပါပဲ။ အခုချိန်မှာတော့ သူမတစ်ဘဝတစ်သာ အားကိုးရမယ့် အမျိုးသား ရှိနေပါပြီ။ သူမထက် ၁ဝ နှစ်ငယ်တဲ့ အမျိုးသားကို ရွေးချယ် ခဲ့ပေမယ့် စိတ်ချမ်းသာလို့နေပါတယ်။

Photo: Thandar hlaing Facebook

ဘဝလက်တွဲဖော်နဲ့အတူ တစ်သက်လုံးစာအတွက် စိတ်ချမ်းသာမှုရနေတဲ့ သန္တာလှိုင် 

ဒုတိယအိမ်ထောင်နဲ့ စိတ်ချမ်းချမ်းသာသာနေနေရတဲ့ သန္တာလှိုင်ဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ သမီးချောလေး နှစ်ယောက်နဲ့ သားလေး တစ်ယောက်နဲ့ တင်ပြည့်စုံနေပြီလို့ဆိုပါတယ်။ ကလေးထပ်ယူဖို့ အစီအစဉ်မရှိဘူးလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''အမျိုးသားကလည်း ကလေး ချစ်တတ်တဲ့ သူမဟုတ်ဘူး။ ဒီနှစ်ယောက်တောင်မှ မိန်းမနဲ့ပါလာလို့သူ ချစ်ရတာတဲ့ ဆိုတော့ ဇာတ်လမ်းရှင်း သွားပြီ နောက်ထပ်ဘာမှ ပူစရာမလိုတော့ဘူး။ အစ်မ အနေနဲ့ကလည်း အခုပဲ အသက် ၄၀ ဖြစ်နေပြီ။ သားရော၊ သမီးရောရှိနေပြီဆိုတော့ အမေတူ ဖအေကွဲ တွေလည်း မလိုချင်တဲ့အတွက် ပြီးသွားပါပြီ။"လို့ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Thandar hlaing Facebook

 

သန္တာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူတို့ဟာ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အစစအရာရာ နားလည်မှု အပြည့်ပေးတဲ့ ခင်ပွန်းကြောင့်လည်း သူတို့ မိသားစုလေး ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၄၀ ကျော်ရှိတဲ့ သန္တာလှိုင်ဟာ ဒီနေ့ အချိန် ထိ အားလုံးက ငေးရလောက်အောင် လှနေတုန်းပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က