ပရိသတ်တွေရဲ့ ချီးကျူးခံခဲ့ရလို့ပီတိဖြစ်ပါတယ်တဲ့။

ဇေရဲထက်က သူ့ရဲ့ အမာခံပရိသတ်တစ်ဦးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးစကားဆိုခြင်းကို ခံခဲ့ရပါတယ်။ ပန်းတနော်မြို့က ညီမငယ်လေး စိုးစန္ဒာထွန်းအတွက် ဇေရဲထက်ရဲ့ ဆုတောင်းစကားကိုလည်း အခုလိုပြောပြထားပါတယ်။

ဇေရဲထက်ဟာ ပန်းတနော်မြို့က အမာခံပရိသတ်ဖြစ်တဲ့ မစိုးစန္ဒာထွန်းကို သွားရောက်တွေ့ဆုံခဲ့တဲ့အပေါ် ပရိသတ်တွေက ချီးကျူးစကားတွေ ဆိုခဲ့ကြပါတယ်။ ဒီအတွက်လည်း သူကိုယ်တိုင်က ဝမ်းသာပီတိဖြစ်နေတဲ့ အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။



‘’မမျှော်လင့်ခဲ့သောပြည်သူတွေရဲ့ချီးကျူးထောပနာသံဟာ ကျွန်တော့်အတွက်တကယ့်ကို ပျော်ရွှင်မှုအစစ်ကိုရရှိစေတယ်ခင်ဗျာ။ တကယ့်ပျော်ရွှင်မှုအစစ်ကို ကျွန်တော်ရှာတွေ့သွားပြီ။ ပြည်သူတွေအားလုံးကျန်းမာချမ်းသာပြီး လိုတိုင်းတ ရနိုင်တဲ့ ဘဝကိုရရှိပါစေ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

အဲဒီနောက် ဇေရဲထက်က သူ့ရဲ့ အမာခံပရိသတ်လေးနဲ့ တွေ့ခွင့်ရဖို့ စီစဉ်ပေးခဲ့သူတိုင်းကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ နောက်ထပ်လည်း ညီမငယ် စိုးစန္ဒာထွန်းအတွက် ဆုတောင်း စကားတွေပြောခဲ့ပါတယ်။

‘’မာမီတိုးပရဟိတ အကျိုးများများစွမ်းဆောင်နိုင်ပြီး ညီမလေးလည်း လူ့လောကအလယ်မှာ နိုင်ငံအကျိုးပြည်သူ့အကျိုးကို ထမ်းဆောင်မိဘကိုလည်းအလုပ်အကျွေးပြုစုနိုင်တဲ့သမီးကောင်းဖြစ်ပါစေ’’ လို့ သူကဆိုပါတယ်။

သရုပ်ဆောင် ဇေရဲထက်ဟာ ဖေဖော်ဝါရီလ ၅ရက်နေ့က  သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်မြို့မှ အမာခံပရိသတ် မိန်းကလေးဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဇေရဲထက်အလာကို မျှော်နေတဲ့ ကောင်မလေးအတွက် သူကိုယ်တိုင် လိုအပ်တာတွေ အလှူခံပြီး သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဇေရဲထက်ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က