တစ်ခြားဆိုက်တွေမှာ ရောင်းနေတာ ကြာပါပြီ

ယူကေနဲ့အမေရိကန်ဈေးကွက်ထဲမှာ refur လို့အခေါ်များတဲ့ Apple-certified ရ iPhone X တွေ ဝင်ရောက်လာနေပါပြီ။

         Apple Store တွေပေါ် ရောက်လာတဲ့ Refurbishedအလုံး iPhone X တွေဟာ iPhone XR ဈေးမျိုးနဲ့တရားဝင် ဝင်ရောက်လာတာပါ။ iPhone X refur မော်ဒယ်နဲ့သုံးပြီးသား used model တွေကတော့ တစ်ခြားအွန်လိုင်းအရောင်းဆိုက်တွေမှာ ရောင်းချနေတာ အတော်လေးကြာနေပြီဆိုပေမယ့် Apple ကနေ တရားဝင်စရောင်းတာက ဒီတစ်ပတ် တနလာၤနေ့ကမှ စခဲ့တာ ဖြစ်ပါတယ်။



Photo: idownloadblog

         အမေရိကန် carrier တစ်ခု ဖြစ်တဲ့ AT&T မှာဆို 64GB ဗားရှင်း iPhone X refur ကို ၆၆၉ ဒေါ်လာနဲ့ရောင်းချနေတာဖြစ်ပြီး Apple အွန်လိုင်းစတိုးမှာတော့ ၇၆၉ ဒေါ်လာနဲ့စတင်ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။ တကယ်လို့256GB မော်ဒယ် refur အလုံးကို ဝယ်မယ်ဆိုရင်တော့ ၈၉၉ ဒေါ်လာ ကျသင့်မှာပါ။

         iPhone XR နဲ့ဈေးချင်း မတိမ်းမယိမ်းဆိုပေမယ့် ၂၀၁၇ မော်ဒယ် iPhone X က၂၀၁၈ ဗားရှင်း iPhone XR ထက်သာတယ်လို့ပြောဖို့ခက်ပါတယ်။ မူရင်းဈေးထက် ဒေါ်လာ ၂၃၀ သက်သာတယ်ဆိုပေမယ့် refur မော်ဒယ်ဆိုတဲ့ အချက်က offical အလုံးကိုင်ချင်သူတွေအတွက် စဉ်းစားစရာပါ။ တစ်ဘက်ကလည်း refur အလုံးတွေဟာ Apple ဘက်ကနေ ထောက်ခံချက်ပေးထားတဲ့ မော်ဒယ်တွေ ဖြစ်ပြီး warranty ပါတဲ့ ဖုန်းတွေလို့ပြောနိုင်ပါတယ်။

Photo: CNET

         home button ကို ပထမဆုံး ဖယ်ရှားလာခဲ့တဲ့ iPhone X ဟာ OLED screen ပါရှိပြီး ကျောဘက် dual cameras စနစ်ကို သုံးထားခဲ့တာပါ။ iPhone XR ကတော့ LCD screen ၊ single len ပဲ ပါပေမယ့် Apple ရဲ့ အဆင့်မြင့်ဆုံး A12 Bionic chip ၊ smart HDR ဓါတ်ပုံနည်းပညာနဲ့အားကောင်းတဲ့ ဘက်ထရီတွေ သုံးထားတာ ဖြစ်ပါတယ်။ iPhone X refur အလုံးမှာ စိတ်ချမ်းသာစရာ တစ်ခုက ဘက်ထရီနဲ့ကိုယ်ထည်အသစ်တွေ သုံးထားလို့အသစ်စက်စက်ဖုန်း တစ်လုံးလို သုံးလို့ကောင်းမှာပါ။

         Apple ဟာ ထွက်ပြီးသား iPhone နဲ့Apple Watch မော်ဒယ်ဟောင်းတွေကို Refur အလုံးအဖြစ် ပုံမှန်ပြန်ထုတ်ဖြစ်ပါတယ်။ ၂၀၁၇ ထဲမှာ iPhone 7/7 Plus တို့ကို refur အဖြစ် ပြန်ထုတ်ခဲ့သလို ၂၀၁၈ မှာလည်း မူရင်းထက် ဒေါ်လာ ၁၀၀ ဈေးချပေးထားတဲ့ iPhone 8/8 Plus တို့ကို ပြန်ထုတ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က