၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပထမအဆင့်စီမံကိန်းပြီးစီးမှာပါ။

ချင်းပြည်နယ် ဖလမ်းမြို့မှာ ပထမဆုံးဝေဟင်ဝင်ပေါက် ဆူရ်ဘုန်လေဆိပ်သစ် ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံပိုင်သတင်းဌာန (MOI) ဖေ့ဘုတ်စ်စာမျက်နှာက ဖေဖော်ဝါရီ ၂၀ ရက်မှာ ရေးသားဖော်ပြပါတယ်။

လေယာဉ်ကွင်းဆောက်လုပ်မည့်နေရာကို တာဝန်ရှိသူတွေ သွားရောက်လေ့လာစဉ်။ Photo- Global New Light of Myanmar

သွားလာရ ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ကုန်သွယ်ရေး ခရီးသွားလုပ်ငန်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ လေဆိပ်တည်ဆောက်တာဖြစ်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ပထမအဆင့်စီမံကိန်း ပြီးစီးအောင် ဆောင်ရွက်မယ်လို့ သိရပါတယ်။

ကျပ် ၃၁ ဒသမ ၃၆ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉သန်းအကုန်ကျခံကာ ဖလမ်းမြို့နယ်ရှိ မြေဧက ၁၂၈၉ ဒသမ ၅ ဧကပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပြီး လက်ရှိမှာ လေဆိပ်တည်ဆောက်နိုင်ဖို့ အတွက် အသေးစိတ် လေ့လာမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

လေဆိပ်၊ လေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားရာ နေရာတွေရဲ့  Geometric ဒီဇိုင်း၊ လေဆိပ် အဆောက်အဦ၊ လေကြောင်းထိန်း မျှော်စင်နှင့်တွဲလျက် မီးသတ်အဆောက် အဦ ဒီဇိုင်းများကို လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက ရေးဆွဲထားတယ်လို့ သိရပါတယ်။

 Structure ဒီဇိုင်း လမ်းလွှာပုံစံ ထုတ်လုပ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန စီမံကိန်း စစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲနှင့်ေ လ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲနေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ART-၇၂ လေယာဉ်များ ဆင်း/တက်အသုံးပြု နိုင်ဖို့ လေယာဉ်ပြေး လမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀၊ လေယာဉ်ဝင်/ထွက် လမ်းနဲ့ လေယာဉ် ရပ်နားဖို့နေရာ အလျားပေ ၂၅၀၊ အကျယ်ပေ ၂၅၀တို့ကို နိုင်လွန်ကတ္တရာခင်း တည်ဆောက်သွားမယ်လို့လည်းသိရပါတယ်။

Compaction Method နဲ့ Slope Stability Gabion Retaining Wallတည်ဆောက်ခြင်း၊ လေဆိပ် အဆောက်အဦ အလျား ၁၅၆ ပေ၊ အကျယ်ကျပ် ၈၄ ပေ၊ လေကြောင်းထိန်း မျှော်စင်နှင့် လေဆိပ်ဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေကိုချင်းပြည်နယ် အစိုးရအဖွဲ့ အကူအညီနဲ့ ဆောင်ရွက်နေတယ် လို့လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားချက်ကို အစိုးရသတင်းဌာန ဖေ့ဘုစ်စာမျက်နှာက ဖော်ပြထားပါတယ်။

“လေဆိပ်တည်ဆောက်ပြီးရင် ချင်းပြည်နယ်က စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး လုပ်ငန်းတွေကို အထောက် အကူဖြစ်စေမှာပါ။ ဥပမာ- ချင်းပြည်နယ်မှာ ကုသမှုမပြုနိုင်တဲ့ လူနာတွေကို အခြားမြို့က ဆေးရုံကြီး တွေကိုပို့ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလုပ်ဆောင်နိုင်မှာပါ။ ဘေးအန္တရာယ်ကျရောက်တဲ့ အချိန်ဆိုရင်လည်း အစိုးရနဲ့လူမှုရေးအဖွဲ့ အစည်းတွေက လိုအပ်တဲ့အကူအညီ တွေကို လျင်လျင် မြန်မြန်ထိထိရောက်ရောက်ပေးနိုင်တော့မယ်” လို့ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ကလည်း ဆိုပါတယ်။

Share

Loading Next Article...
က္က