သက်သေမပြနိုင်သေးပါဘူး

ရုရှားအစိုးရနဲ့ဆက်စပ်နေတဲ့ ဟက်ကာတွေဟာ အမေရိကန်က ပြည်နယ် ၅၀ မှာ ရှိတဲ့ ရွေးကောက်ပွဲ စနစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့အမေရိကန်ဆီးနိတ် ထောက်လှမ်းရေး ကော်မတီမှ ထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ်က သတင်းတွေမှာ အမေရိကန်မှ ၃၉ ပြည်နယ်ရဲ့ ရွေးကောက်ပွဲစနစ်တွေကို တိုက်ခိုက်ခဲ့တယ်လို့သတင်းထွက်ခဲ့ပြီး နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်ပြည်ထဲရေးဌာနမှ ၂၁ ပြည်နယ် ပစ်မှတ်ထားခံခဲ့ရတယ်လို့ဝန်ခံခဲ့ပါတယ်။ ၂၀၁၉ ဧပြီလထဲမှာ FBI နဲ့အမေရိကန်ပြည်ထဲရေးတို့ပူးပေါင်း ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ရုရှား ဟက်ကာတွေဟာ အမေရိကန် ပြည်နယ်အားလုံးရဲ့ ရွေးကောက်ပွဲအခြေခံအဆောက်အဦတွေရဲ့ ချို့ယွင်းချက်ကို သိရှိအောင် ကြိုးစားခဲ့ဖွယ်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။



Photo: The New York Times

ကြာသာပတေးနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၆ ရွေးကောက်ပွဲကာလအတွင်း ရုရှားတို့ကြားဝင်စွက်ဖက်မှု အခြေအနေ အစီရင်ခံစာမှာတော့ မဲအရေအတွက် ပြောင်းသွားတဲ့ သက်သေမတွေ့ရဘူးလို့ဆိုပါတယ်။ The Verge သတင်းအရ ဟက်ကာတွေအနေနဲ့တကယ့်မဲပေးစက်တွေထဲ ဝင်ရောက်နိုင်ခဲ့တဲ့ သက်သေမတွေ့ရဘူးလို့လည်း ဖော်ပြထားပါတယ်။

မူလာအစီရင်ခံစာအဖြစ် နာမည်ကြီးတဲ့ ရောဘတ်မူလာရဲ့ အစီရင်ခံစာမှာ ရုရှားကာကွယ်ရေးနဲ့စစ်ထောက်လှမ်းရေးတစ်ခုဖြစ်တဲ့ GRU ဟာ မဲပေးစက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ဖော်ပြထားပါတယ်။ စာမျက်နှာ ၆၇ မျက်နှာပါတဲ့ ၂၀၁၆ ရွေးကောက်ပွဲကာလ ရုရှားတို့ကြားဝင်စွက်ဖက်မှု အခြေအနေ အစီရင်ခံစာမှာ " DHS ဟာ အထွေထွေ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ Web Pages များ ၊ မဲပေးသူ အိုင်ဒီအချက်အလက် ၊ ရွေးကောက်ပွဲစနစ်သုံး ဆော့ဖ်ဝဲလ်နဲ့ရွေးကောက်ပွဲ ဝန်ဆောင်မှု ကုမ္ပဏီများကို ပြည်နယ် ၅၀ လုံးမှာ အက္ခရာစဉ်အလိုက် ရှာဖွေအကဲဖြတ်သုံးသပ်ခဲ့ပါတယ်။" လို့ဆိုပါတယ်။

Photo: vanityfair

ယခုအစီရင်ခံစာအရ ရုရှားတွေအနေနဲ့မဲပေးသူတွေရဲ့ အချက်အလက်ကို ကြားဝင်နှောက်ယှက်မှု တကယ်လုပ်မလုပ်အပေါ် သက်သေအထောက်အထား မရှိသေးသလို မဲပေးစက်တွေထဲလည်း ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သက်သေလည်း မပြနိုင်သေးပါဘူး။ အမျိုးသားလုံခြုံရေး အေဂျင်စီရဲ့ အစီရင်ခံစာ တစ်ခုမှာလည်း ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်မှာ ရုရှားဟက်ကာတွေဟာ ဒေသတွင်း အစိုးရဌာန ၁၀၀ ကျော်နဲ့Voting ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုတို့ဆိုင်ဘာတိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က