အဆိုတော် ဘီလီလမင်းအေးက ၂၀၂၂ ခုနှစ် နှစ်စကစလို့ Mind Treasures By Billy ဆိုတဲ့ ပေ့ချ်နာမည်နဲ့ အင်္ဂလိပ်စာ ပညာဒါနအဖြစ် ဖေ့စ်ဘွတ်ပေါ်မှာဗီဒီယိုလေးတွေ ရိုက်တင်ကာ စာသင်ကြားပေးနေတာပါ။
ဒီလို ပညာဒါနပေးဖြစ်နေတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားအားထုတ်မှုတွေအကြောင်းကို ဘီလီလမင်းက Duwun ကို အခုလိုပြောပြလာပါတယ်။
Photo - Mild Treasure by Billy
"အခုက ကျောင်းတွေလဲ မတက် ရ တော့ အင်္ဂလိပ်စာ ကို လေ့လာချင်သူ တွေ အတွက် ဖူးက Sharing လုပ်ပေးချင်တဲ့ သဘောနဲ့အွန်လိုင်းကနေ ပေါ့ပေါ့ပါးပါး ဗီဒီယိုလေးတွေ ရိုက်တင်ပေးတာပေါ့နော်။ အင်္ဂလိပ်စာ ကတော့ လူတိုင်း လေ့လာချင်တဲ့အရာဖြစ်တော့ အဲဒီလိုတွေ တင်ပေးလိုက်လို့ ဗီဒီယိုတွေ ပေါက်သွားပါစေ ဆိုတဲ့ ရည်ရွယ်ချက် မရှိဘူး။ ကိုယ့်ရဲ့စာကို ကြည့်ပြီးတော့မှ ဗဟုသုတလေးရသွားစေ လိုတဲ့ ပညာဒါန ပေးတာပေါ့နော်။ အားလုံးက လေ့လာသင်ယူနေရတာဖြစ်တဲ့အတွက် ဖူးရဲ့ Mild Treasure Page ကို လာကြည့်ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ" လို့ ဘီလီလမင်းအေးက ဆိုပါတယ်။
အဆိုတော် ဘီလီ လမင်းအေးက သူမရဲ့ Mild Treasure by Billy ဖေ့စ်ဘွတ်စာမျက်နှာမှာ အင်္ဂလိပ်စာအခြေခံသင်ခန်းစာဗီဒီယိုအတိုလေးတွေကို တစ်ပတ်တစ်ခါ တင်ပေးနေတာဖြစ်ပါတယ်။ သူမရဲ့ ဗီဒီယိုတွေကို ဒီထက်ပိုပြီး ကောင်းမွန်အောင်လုပ်ဖို့လည်း အစီအစဥ်တွေ ရှိနေပါတယ်တဲ့။
Photo - Billy La Min Aye
"ဗီဒီယိုတွေက ဖူးကိုယ်တိုင် ရိုက်ပြီး ကိုယ်တိုင် Edit လုပ် ရတာ ဆိုတော့ ကူပေးတဲ့သူ တစ်ယောက်မှ တော့ မရှိပါဘူး။ အိမ်က လူတွေက တော့ တစ်ခါတလေတလေ ကူညီပေးပါတယ်။ အဲ့ဒီ့အတွက် လိုအပ်ချက်လေးတွေ ရှိရင် နောက်တစ်ခါ အကောင်းဆုံး ကြိုးစားပြင်ဆင်ပေးသွားပါ့မယ်။ ဒီ့ထက် ပိုကောင်းမွန်တဲ့ဗီဒီယိုတွေကိုလည်း စဉ်းစားပြီးတင်ပေးသွားမှာမို့လို့ ဆက်လက် စောင့်ကြည့် ပေးကြပါဦးလို့ ဖူးတောင်းဆိုပါတယ်" လို့ ပြောပြခဲ့ပါတယ်။
အဆိုတော် ဘီလီလမင်းအေးရဲ့ Mind Treasures By Billy ဖေ့စ်ဘွတ်စာမျက်နှာက English စာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက် တာတွေကို မျှ ဝေ ပေးနေတဲ့ Page လေးဖြစ်ပြီး အဲ့ဒီ့ Page လေးကို တော့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကပဲ Official ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အ ခြေခံတွေနဲ့မသိ သေးတဲ့ အ ကြောင်းအရာတွေကို လေ့လာနိုင်တာကြောင့် Like & Follow လုပ်ပေး ဖို့ ကိုလည်း ဘီလီက တောင်းဆိုလိုက်ပါတယ်။
Photo - Billy La Min Aye
ဘီလီလမင်းအေးဟာ Myanmar Idol(Season-2) ပြိုင် ပွဲမှာ ဒုတိယ ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြိုင်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းမှာလည် းဂီတအလုပ်ကို တစိုက် မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူမရဲ့ တစ်ကိုယ်တော် အ ခွေဖြစ်တဲ့ " အရှုံးမ ပေးတဲ့ဝိညာဉ်" ဆိုတဲ့ သီချင်း အ ခွေကို ၂၀၁၈ခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့ပါတယ်။ နောက်ထပ် လည်း Single Song တွေ ထွက်ရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။