ရန်ကုန်တိုင်းအစိုးရရဲ့ Page တစ်ခုတည်းကသာ facebook ရဲ့ blue mark ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။
ပြည်နယ်နဲ့တိုင်းအစိုးရတွေရဲ့ လူမှုကွန်ယက်အသုံးပြုမှုတွေအရ ရန်ကုန်တိုင်းအစိုးရ လူမှုကွန်ယက်စာမျက်နှာက Like အများဆုံးရထားတယ်လို့ သိရပါတယ်။
Yangon Region Government စာမျက်နှာ

ဒီစစ်တမ်းကို Social Media Development Myanmar ကနေ ထုတ်ပြန်တာဖြစ်ပြီး ဒုတိယနေရမှာတော့ ရှမ်းပြည်နယ်နဲ့တတိယနေရာမှာတော့ ကရင်ပြည်နယ်တို့က Like အများဆုံးဖြင့် ရှိနေပါတယ်။



စစ်တမ်းအရ မန္တလေးအစိုးရအဖွဲ့ရဲ့ Facebook page က ပို့စ်အများဆုံးတင်ထားပြီး မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းအစိုးရတို့ရဲ့ page တွေကတော့ လှုပ်ရှားမှုနည်းပါးနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိိုင်းအစိုးရရဲ့ Facebook page မှာတော့ ဝန်ကြီးချုပ်နဲ့ လွှတ်တော်သတင်းတွေဖော်ပြထားပြီး မန္တလေးကတော့ ခရိုင်နဲ့ မြို့နယ်အလိုက်သတင်းတွေကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေရဲ့ Facebook page အများစုက ဒီချုပ်အစိုးရလက်ထက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ တိုင်းနဲ့ပြည်နယ်အလိုက် အမည်ပေးမှုကွဲပြားပေမယ့် ရန်ကုန်တိုင်းအစိုးရရဲ့ Page တစ်ခုတည်းကသာ Facebook ရဲ့ Blue Mark ရရှိထားတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က