အာဆင်နယ်အသင်းရဲ့ ပင်နယ်တီကို စပါးနဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ အူဘာမီယန်းက ကန်သွင်းရယူပေးခဲ့ပါတယ်။
မန်ယူအသင်းက အာဆင်နယ်အသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြဆိုးလ်ရှားက အာဆင်နယ်အသင်းဖက်ကို ပေးလိုက်ရတဲ့ ပင်နယ်တီအပေါ် လက်ခံပါတယ်လို့ ပြောသွားတဲ့အကြောင်း Daily Mail ကဖော်ပြပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ပွဲချိန် ၆၉ မိနစ်လောက်မှာ ပင်နယ်တီရခဲ့တာပါ။ မန်ယူကွင်းလယ်လူ ဖရက်ဒ်က အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီကို နောက်ကနေ တွန်းလှဲခဲ့သလို ဖြစ်ခဲ့လို့ကွင်းလယ်ဒိုင်က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ဒီပင်နယ်တီပေးလိုက်ရတာနဲ့ ပတ်သက်ပြီး - “ လာကာဇက်တီ ဒိုင်ဗင်ထိုးခဲ့တာမဟုတ်ပါဘူး၊ ကြည့်ရတာတော့ ဖရက်ဒ်က အရမ်း အရမ်း သန်မာနေတယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အတိုင်းပါပဲ၊ ပင်နယ်တီက ပေးဖို့ အကြောင်းခိုင်လုံခဲ့ပါတယ်။” လို့ ဆိုးလ်ရှားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
မန်ယူအသင်းကတော့ အာဆင်နယ်အသင်းကို ရှုံးခဲ့လို့ ဆိုးလ်ရှားလက်ထက် ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၅ နေရာကိုလည်း ဆင်းသက်ပေးခဲ့ရပါတယ်။