ယူနိုက်တက်အနေနဲ့ ၄ပွဲမြောက် ပရီးမီးယားလိဂ်နိုင်ပွဲရရှိခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အခုနှစ်ဘောလုံးရာသီမှာ နိုင်ပွဲ ၄ပွဲရရှိထားရမှာ ချဲလ်ဆီး၊ လက်စတာတို့ကိုရ င်ဆိုင်အနိုင်ရခဲ့တဲ့ပွဲစဉ်တွေမှာ ပင်နယ်တီရရှိခဲ့ပြီး နောဝစ်ချ်၊ ဘရိုက်တန် တို့ကိုနိုင်ခဲ့တဲ့ ပွဲတွေမှာတော့ ပင်နယ် တီမရဘဲ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ မာရှယ်၊ ရက်ချ်ဖို့ဒ်၊ ဝမ်ဘက်စကာတို့နဲ့အတူ လူစုံခဲ့ပြီး ခံစစ်ပိုင်းကိုအကျစ်လစ်ဆုံးပြင်ဆင် လာတဲ့ ဘရိုက်တန်အသင်းကတော့ ၄-၄-၂ အခြေခံ ၅-၄-၁ ကစားကွက်ကိုအသုံးပြုခဲ့ပြီး အိမ်ရှင်အသင်းကိုအ ကောင်းဆုံးတုံ့ပြန်ကစားလာခဲ့ပါတယ်။

ပွဲစစချင်းမှာတင် ယူနိုက်တက်အနေနဲ့ အားသာချက်ရှိတဲ့တောင်ပံတွေကနေတဆင့် တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ ပြီး လူငယ်ကစားသမားဒန်နီရယ်ဂျိမ်းစ်ရဲ့ အတိုးအလှုပ်တွေကလည်း ရှောင်ဒက်ဖီ၊ လူးဝစ္စဒန့်ခ်တို့ဦးဆာင်လာ တဲ့ ဘရိုက်တန်ခံစစ်ကို အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပါတယ်။



ဘရိုက်တန်အနေနဲ့ တန်ပြန်တိုက်စစ်နဲ့သာ ပြန်လည်တုံ့ပြန်နေခဲ့တဲ့အတွက် ယူနိုက်တက်ကသာပွဲကိုဦးဆောင် ကစားနေခဲ့တာပါ။ ပွဲချိန် ၁ရမိနစ်မှာတော့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး ပီရီယာရဲ့သေသပ်လှပတဲ့ကန်ချက် ကနေ ယူနိုက်တက်တို့ဦးဆောင်ဂိုးရရှိခဲ့ပြီး ၂မိနစ်အကြာမှာတင် ဘရိုက်တန်နောက်ခံလူပရိုပါ ကိုယ့်ဂိုးကိုယ်သွ င်းမိခဲ့တဲ့အတွက် ယူနို်က်တက်တို့ ၁၉မိနစ်အတွင်း ဦးဆောင်ဂိုးနှစ်ဂိုးစောစောစီးစီးရရှိသွားခဲ့တာပါ။

နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးထပ်မပေးရဖို့အတွက် ဘရို်က်တို့အားစိုက်ကစားလာခဲ့ပြီး ယူနိုက်တက်တိုက်စစ်ကိုဟ န့်တားဖို့အတွက် အသင်းရဲ့ခံစစ်ဇုံအတွင်း ကစားသမား ၆ဦးအထိရှိနေခဲ့တဲ့အတွက် ယူနိုက်တက်တို့ဂိုးထပ်ရဖို့ပို ပြီး အားစိုက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းတွင်တော့ နှစ်သင်းလုံးကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဘရိုက်တန်အနေနဲ့လည်း ချေပဂိုးရယူ လောက်နိုင်တဲ့အခြေအနေအချို့လည်း ပိုင်ဆိုင်လာခဲ့ပါတယ်။ အထူးသဖြင့် ဘရိုက်တန်ခံစစ်ပိုပြီးအာရုံစိုက်လာ  ခဲ့တဲ့အတွက် ယူနိုက်တက်တိုက်စစ်ဂိုးရဖို့ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၆၄မိနစ်မှာ ဘရို်က်တန်အသင်းခေါင်းဆောင် လူးဝစ္စဒန့်ခ်က အသင်းဖော်ဂရော့ဘ်ရဲ့ ထောင့်ကန်ဘောက နေခေါင်းတိုက်သွင်းယူခဲ့ပြီး ချေပဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်တိုက်စစ်မှူးရက်ချ်ဖို့ဒ်က အနိုင်သေချာစေမယ့် ဂိုးတစ်ဂိုးထပ်သွင်းပြီးတဲ့နောက် ဘရို်က်တို့ အရှုံးပြတ်သားခဲ့ပါတယ်။

နှစ်ဖက်အသင်းတိုက်စစ်ကစားသမားတွေအားလုံးအခွင့်အရေးကိုယ်စီရရှိခဲ့သလို ရက်ချ်ဖို့ဒ်ရဲ့ အံအားသင့်ဖွယ် အခွင့်အရေးလွဲချော်မှုတွေကလည်း ပွဲကိုပိုပြီးအသက်ဝင်စေသလို အသုံးမချနို်င်ခဲ့တဲ့အတွက် ပွဲအပြီးမှာယူနိုက် တက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃-၁ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး အခုနှစ်ဘောလုံးရာသီ စတုထ္ထမြောက်ပရီးမီး ယားနိုင်ပွဲတစ်ပွဲလည်းဖြစ်လာခဲ့ပါတယ်။

Share

က္က