ပွဲပြီးတာနဲ့ ယူနိုက်တက်ကို လှောင်ပြောင်ခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ပရိသတ်တစ်ဦးလည်းဖြစ်၊ ရုပ်သံတင်ဆက်သူတစ်ဦးလည်းဖြစ်တဲ့ ပီယာ့စ်မော်ဂန်ဟာ မနေ့ညက ယူနိုက်တက်တို့​ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုရှယ်မီဒီယာမှာ ဆက်တိုက်ကို လှောင်ပြောင်သွားခဲ့ပါတယ်။ ဝက်စ်ဟမ်းက ဘိုဝင်၊ ကူဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒါဟာ ယူနိုက်တက်အတွက်တော့ ပြိုင်ပွဲစုံ နောက်ဆုံး (၇) ပွဲမှာ နိုင်ပွဲတစ်ပွဲတည်းသာ ရရှိထားတဲ့ မှတ်တမ်းဆိုးကိုပါ ပိုင်ဆိုင်သွားစေခဲ့ပါတယ်။ ဒါ့အပြင် အသင်းကလည်း (၄) ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး တိုက်စစ်ပိုင်းပြဿနာကလည်း တော်တော်လေး ကြီးမားနေခဲ့ပါတယ်။

ပထမဆုံးပို့စ်အနေနဲ့ မော်ဂန်က “ဒီနှစ် အားလပ်ရက်ရာသီမှာ မြင်တွေ့ရတဲ့ အကြီးမားဆုံး အကင်ပွဲတစ်ပွဲပဲဗျ” လို့ သရဲနီတွေကို လှောင်ပြောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မော်ဂန်က “ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်မကောင်းပါဘူး။ သူတို့အတွက် ဘယ်တော့မှ မိနစ် (၉၀) အထိ ကြည့်ခွင့်မရှိတော့ပါဘူး” လို့ X မှာ ဆက်တိုက်ကို လှောင်ပြောင်သွားခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ တန်ဟက်ခ်ရဲ့ ယူနိုက်တက် (၄) ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာကို လှောင်ပြောင်ပြီး​ “တန်ဟက်ခ်က စံချိန်ပေါင်းများစွာကို ရိုက်ချိုးနေခဲ့တယ်” လို့ ရေးသားခဲ့ပြန်ပါတယ်။ နောက်ဆုံးအနေနဲ့ မော်ဂန်က ဝက်ဟော့စ်၊ ဟို့ဂျ်လန်းတို့ နှစ်ယောက်ပေါင်း ပရီးမီးယားလိဂ် (၃၁) ပွဲမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာကို မော်ဂန်က လှောင်ပြောင်သွားခဲ့ပါတယ်။

ရော်နယ်ဒိုက ပရီးမီးယားလိဂ်ပွဲပေါင်း (၃၀) မှာ (၁၈) ဂိုးအထိ သွင်းယူနိုင်ခဲ့တာကို မော်ဂန်က ရည်ရွယ်လှောင်ပြောင်ခဲ့တာလည်း ဖြစ်ပါတယ်။ မော်ဂန်ဟာ အာဆင်နယ်ပရိသတ်လည်း ဖြစ်သလို ရော်နယ်ဒိုရဲ့ အမာခံပရိသတ်လည်းဖြစ်တာကြောင့် ယူနိုက်တက်တို့ အခြေအနေဆိုးတိုင်း၊ ရှုံးပွဲကြုံတွေ့တိုင်း အခုလိုမျိုး လှောင်ပြောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က