နည်းပြအပြောင်းအလဲဖြစ်လာနိုင်တာပါ။

ယူနိုက်တက်ဟာ နည်းပြတန်ဟက်ခ်ရဲ့နေရာကို အစားထိုးဖို့အတွက် ပိုချက်တီနို မဟုတ်ရင် ဆောက်ဂိတ် တစ်ယောက်ယောက်ကိုသာ ရွေးချယ်ရမယ့် အရေးနဲ့ ကြုံတွေ့နေရပါတယ်။ ယူနိုက်တက်ဟာ တန်ဟက်ခ်ကို အသင်းမှာ ဆက်မထားဖို့ သေချာသလောက်ရှိနေပါတယ်။



တန်ဟက်ခ်ရဲ့ ပြီးခဲ့တဲ့ရာသီ စွမ်းဆောင်ရည်ကို ပြန်လည်အကဲဖြတ်ပြီးခဲ့တဲ့နောက် ယူနိုက်တက်တာဝန်ရှိသူတွေက တစ်ပတ်အတွင်း ဒီနည်းပြရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း သောမတ်စ်တူဟယ်လ်နဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။

ဒါပေမယ့် တူဟယ်လ်ကတော့ ယူနိုက်တက်နည်းပြရာထူးကို ရယူသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ အကြောင်းရင်းကတော့ တူဟယ်လ်အနေနဲ့ နည်းပြဘဝကနေ ခေတ္တအနားယူလိုတာကြောင့်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့်လည်း လက်ရှိမှာ ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ ရေပန်းစားနေတဲ့ နည်းပြတွေအဖြစ် ပိုချက်တီနိုနဲ့ ဆောက်ဂိတ်တို့သာ ကျန်ရှိတော့တာပါ။ ပိုချက်တီနိုကတော့ ယူနိုက်တက်နဲ့ ကာလရှည် သတင်းထွက်ခဲ့တဲ့ နည်းပြဖြစ်ပြီး မကြာခင်ကမှ ချဲလ်ဆီးနည်းပြရာထူးကနေ ပူပူနွေးနွေး အထုတ်ခံထားရတာပါ။

ဆောက်ဂိတ်ကတော့ အင်္ဂလန်နဲ့ ယူရိုပြိုင်ပွဲနွှဲဖို့ကိုသာ အာရုံစိုက်ထားပါတယ်။ အဆိုပါ အင်္ဂလန်လူမျိုးနည်းပြကလည်း အင်္ဂလန်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၊ ယူရိုဗိုလ်လုပွဲတို့ကို ပို့ဆောင်ပေးထားတဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က