မာတီနက်ဇ်ဆီကနေ သီးသန့်သတင်းစကားပါရှိတဲ့ မန်ချက်စတာယူနိုက်တက်ဂျာစီကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ပုပ် ဖရန်စစ်က ဗာတီကန်မှာ ဘာသာပေါင်းစုံက အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ လီဆန်ဒရို မာတီနက်ဇ် လက်မှတ်ထိုးထားတဲ့ ရှပ်ကို ပေးအပ်ခြင်းခံခဲ့ရပါတယ်။

 

မန်ချက်စတာမြို့တော်ဝန် အန်ဒီ ဘန်းဟန်ဟာ ကြာသပတေးနေ့နံနက် ရောမမြို့ကို အလည်အပတ်သွားရောက်ချိန်အတွင်း ကတ်သလစ်ချာ့ချ်ရဲက အကြီးအကဲကို လီဆန်ဒရို မာတီနက်ဇ်ဆီကနေ သီးသန့်သတင်းစကားပါရှိတဲ့ မန်ချက်စတာယူနိုက်တက်ဂျာစီကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 

ပုပ် ဖရန်စစ်ဟာ အာဂျင်တီးနားနိုင်ငံ၊ ဗွေနိုစ် အိုင်းရက်စ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဘောလုံးပရိသတ်တစ်ဦး ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြိးဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ သိရပါတယ်။

 

ကလပ်အသင်းနဲ့ ကစားသမားဟာ မြို့တော်ဝန် ဘန်းဟန် လာရောက်လည်ပတ်မှုကို အသိပေးခြင်းခံခဲ့ရချိန်မှာ အိုင်းယက်စ်နောက်ခံလူရဲ့ လက်မှတ်ထိုးထားတဲ့ ရှပ်တစ်ထည်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီရှပ်မှာ လီဆန်ဒရို မာတီနက်ဇ်ဆီကနေ သီးသန့်သတင်းစကားဖြစ်တဲ့ “ဆရာတော်သို့ ချစ်ခြင်းမေတ္တာများစွာနဲ့အတူ လီချာ”လို့ ရေးသားထားပြီး ဗာတီကန်ကို လာရောက်ခဲ့တဲ့ ယူကေသံတမန် ခရစ္စ ထရော့တ်က ဓာတ်ပုံအများအပြား တင်ခဲ့ရာမှာ ဘန်းဟန်က မာတီနက်ဇ်ဂျာစီကို ကိုင်ထားတဲ့ပုံလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က