ပိုလန်နဲ့ပြင်သစ်တို့ ကစားခဲ့တဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲအပြီးမှာ ပြင်သစ်ကစားသမားတွေ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားဟာ အာဆင်နယ်နောက်ခံလူ ဆာလီဘာကို ကွင်းမှာပဲ ထားရစ်ခဲ့ရကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာပါ။
ပွဲအပြီးမှာ ကစားသမားတွေကို တားမြစ်ဆေး ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဆာလီဘာရဲ့ စစ်ဆေးမှုက လိုအပ်တာထက် ပိုမိုကြာမြင့်ခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။ ပွဲက ဒေသစံတော်ချိန် ည (၈) နာရီမှာ ပြီးခဲ့ပြီး ည (၉) နာရီကျော်မှာ ပြင်သစ်ဘတ်စ်ကားက ထွက်ခွာခဲ့ရတာပါ။
ဒါပေမယ့် ဆာလီဘာရဲ့ တားမြစ်ဆေးစစ်မှုတွေက ည (၁၀) နာရီခွဲကျော်အထိ ပြီးမြောက်ခြင်း မရှိခဲ့ဘူးလို့ သိရှိရပါတယ်။ ဆာလီဘာနဲ့အတူ အသင်းရဲ့ဝန်ထမ်းအချို့ကလည်း အတူတကွစောင့်ဆိုင်းပေးခဲ့ရပြီး ဆာလီဘာနဲ့အတူ အသင်းတည်းခိုရာ ဟိုတယ်ကို ပြန်ခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။
ပြင်သစ်ဟာ ပါဒါဘွန်းမှာ အခြေစိုက်တာဖြစ်ပြီး ပိုလန်နဲ့ ကစားခဲ့တဲ့ ဒေါ့မွန်ကွင်းနဲ့ အရှေ့ဘက် ကီလိုမီတာ (၁၀၀) ဝန်းကျင်ခန့် ကွာဝေးကြောင်း သိရှိရပါတယ်။ ပြင်သစ်ဟာ ယူရိုမှာ နောက်တစ်ဆင့်ကို တက်ရောက်ထားပြီး ဘယ်လ်ဂျီယံနဲ့ ကစားရမှာဖြစ်ပါတယ်။