သူ့ရဲ့ မိန်းကလေးချစ်သူကို ဆိုရှယ်မီဒီယာကတဆင့် ပရိသတ်တွေထံ အသိပေးလိုက်တာ ဖြစ်ပါတယ်။

ချစ်သူ မိန်းကလေးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို Myanmar Idol Season 2 ရဲ့ တတိယဆုရှင် ပိုးမီက မေလ ၃၁ရက်မှာ ဆိုရှယ်မီဒီယာကနေ တဆင့် ပြသလိုက်တာကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြရပါတယ်။ မိန်းကလေး ချစ်သူနဲ့ ပတ်သက်ပြီး အဆိုတေ်ပိုးမီက အခုလို ပြောပါတယ်။

"ဒီ တစ်ခေါက် အချစ်ရေးနဲ့ပတ်သက်ပြီး ဘာလို့ တင်လိုက်တာလဲဆိုတော့ ပိုးမီရဲ့ Life တစ်ခုကသူနဲ့မှ အရမ်းပြောင်းလဲသွားတယ်လို့ ပြောလို့ရတယ်။ ကိုယ်လျှောက်လှမ်းလာတဲ့ ဒီအသက်ဒီ အရွယ်ထိမှာ နွေးထွေးမှု ၊ အေးချမ်းမှု၊ ကိုယ်လိုချင်ခဲ့တဲ့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ Relationship ပုံစံမျိုးက သူနဲ့ရတဲ့အတွက်​ကြောင့်ပါ" ဆိုပြီး မိန်းကလေးတစ်ဦးနဲ့ချစ်သူတွေဖြစ်နေတဲ့အကြောင်း ပရိသတ်တွေကိုအသိပေးလာတာပါ။

Photo- Poe Mi FB

ချစ်သူကောင်မလေးနဲ့ လက်တွဲခဲ့တာတော့ ၃လ သက်တမ်းရှိပြီဖြစ်ပြီး ခံစားချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း " ပိုးမီဘုရားတည်တုန်းကဆိုရင် သူနဲ့ကိုယ်နဲ့ အရင်ဘဝတုန်းကလိုမျို းပုံစံမျိုးတွေမက်တယ်။ သူ့အိပ်မက်ထဲမှာရော ကိုယ့်အိပ်မက်ထဲမှာရောမြင်ရတာတွေက အခုဒီ အဓိဌာန် ခရီးမှာရောက်သွားတာမျိုးပေါ့။ ဒါကို အရမ်းယုံကြည်လွန်းလို့တော့ မဟုတ်ပေမယ့် ပိုးမီ ကြုံရတာကို ပြောပြတာပါ" ဆိုပြီး ထူးခြားတဲ့ ကံကြမ္မာတွေအကြောင်းကိုပြောပြလာပါတယ်။ 

မိန်းကလေးအချင်းချင်း တွဲနေတဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာလည်း နှစ်ဦးသဘောတူဖြစ်ပြီး မိဘတွေကလည်း သဘောတူညီတာကြောင့် ပါတယ်လို့ဆိုပါတယ်။ 

 

Photo- Poe Mi FB

ပိုးမီကိုတော့ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Myanmar idol Season 2 မှာလည်း တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးပါ။ အခုဆိုရင်တော့ ပရိသတ်တွေလက်ခံအားပေးမှု ကိုတခဲနက် ရရှိနေပြီဖြစ်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

Share

က္က