ရော်နယ်ဒိုတယောက် ကံတွေကောင်းခဲ့တယ်လို့ပြောရမှာပါ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက နယူးကာဆယ်နဲ့ပွဲမှာ ပြိုင်ဘက် ကစားသမား ဖရေဆာကို ဖြတ်ကန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အဝါကတ်သာ ပြသခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ကစားပုံက တော်တော်လေးကြမ်းတမ်းခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ တိုက်ရိုက်အနီကတ်မပြတဲ့အပေါ် ဝေဖန်မှုတွေရှိနေတာပါ။



ဒါပေမယ့် ဒါက ရော်နယ်ဒိုအတွက်တော့ ဒီရာသီမှာ ပထမဆုံးမဟုတ်ပါဘူး။ လီဗာပူးကို ဂိုးပြတ်ရှုံးနေတဲ့ အိမ်ကွင်းပွဲ ပထမပိုင်းမှာလည်း ရော်နယ်ဒိုက ပြိုင်ဘက် ကစားသမား ကာတစ်ဂျုံးစ်ကို ရည်ရွယ်ချက်ရှိရှိ နဲ့ အကြိမ်ကြိမ် ကန်ကျောက်ခဲ့ပြီး အဲ့ဒီအချိန်ကလည်း အဝါကတ်သာ ပြသခံခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်နဲ့ပွဲမှာလည်း ပင်နယ်တီကန်ဖို့ ရော်နယ်ဒိုတည်ထားတဲ့ ဘောလုံးကို အိုင်ယာလန်နောက်ခံလူ အိုရှေးက ခြေထောက်နဲ့ ကန်ထုတ်ခဲ့ပါတယ်။ ရော်နယ်ဒိုက ချက်ချင်းဆိုသလိုပဲ ဒီကစားသမားကို လှမ်းပြီး ရိုက်ခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ရော်နယ်ဒိုကို အရေးယူခဲ့ခြင်းမရှိပါဘူး။

ရော်နယ်ဒိုအနေနဲ့ အဲ့ဒီပင်နယ်တီကိုလည်း ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ရော်နယ်ဒိုအတွက် မနေ့ညက နယူးကာဆယ်နဲ့ပွဲ အဝါကတ်က ဒီရာသီ သူ့အတွက် (၄) ကြိမ်မြောက် အဝါကတ်ဖြစ်ခဲ့ပြီး နောက်တကြိမ် အဝါကတ်ထပ်ထိခဲ့ရင်တော့ တပွဲပယ် ပြစ်ဒဏ်ကို ကျခံရတော့မှာဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဒီရာသီ ရော်နယ်ဒို အဝါကတ်ထိခဲ့တဲ့ ပွဲတွေက ယူနိုက်တက်နိုင်ပွဲပျောက်ခဲ့တဲ့ပွဲတွေဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကို ရည်ရွယ်ချက်ရှိရှိ လူချကစားတာကြောင့် အဝါကတ်ထိခဲ့သေးပြီး လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်ပွဲတွေမှာ အဝါကတ်တွေ ပြသခံခဲ့ရတာပါ။ 

Share

Loading Next Article...
က္က