အလုပ်ကို ပိုမိုကြိုးစားခဲ့ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေခဲ့တာက ယူနိုက်တက်မှာ သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြန်လည်ရရှိလာခဲ့တာဖြစ်တယ်လို့ ဂျေဒန်ဆန်ချိုက ပြောဆိုလိုက်ပါတယ်။ ဆန်ချိုဟာ ဒေါ့မွန်မှာ အထင်ကြီးဖွယ်ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ယူနိုက်တက်က ပေါင် ၇၃ သန်းအထိ ပေးချေကာ ခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်မှာတော့ သူ ရုန်းကန်နေခဲ့ရပါတယ်။
"အထူးသဖြင့် တယောက်ချင်းတွေ့ဆုံချိန်တွေတိုင်းမှာပေါ့၊ ပရိသတ်တွေကလည်း ကျနော့်ကို အော်ဟစ်အားပေးကြပြီးတော့ ကျနော့်ရဲ့စွမ်းဆောင်ရည်အတွက်လည်း တကယ်ကျေနပ်မိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်အတွက် ပထမဆုံး ၂၃ ပွဲမှာ ၂ဂိုးတည်းသာ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ပြီး ဖိအားတွေအောက် ရောက်နေခဲ့ရပါတယ်။
ဒါပေမယ့် ဒီလအတွင်းကစားခဲ့တဲ့ ပွဲစဉ် ၆ ပွဲမှာတော့ သွင်းဂိုး ၂ဂိုးနဲ့ ဖန်တိးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဒေါ့မွန်က ဆန်ချိုရဲ့ အငွေ့အသက်တွေကို ပြန်လည်ခံစားနေရတာဖြစ်ပါတယ်။