notch မကြိုက်သူတွေအကြိုက် Nova ဖုန်းသစ်

တောင်အာဖရိကဈေးကွက်အတွက် အလတ်တန်းစား Nova ဖုန်းသစ်တစ်မျိုးကို Huawei က ကြေညာလိုက်ပါတယ်။ 

Huawei Nova Y9a ဟာ လက်ရှိဖုန်းဈေးကွက်မှာ ခေတ်စားနေတဲ့ Punch-Hole နဲ့ Waterdrop Notch ဒီဇိုင်းအစား ဖုန်းကိုယ်ထည်အိမ်ကနေ ကင်မရာထွက်လာတဲ့ pop-up ဆယ်လ်ဖီနည်းပညာ သုံးလာတာပါ။ Screen ပေါ်မှာ cutout နဲ့ notch ပါတာ မကြိုက်သူတွေအတွက် Nova Y9a က Full-Screen ဆန်တဲ့ ရသကို ပေးမှာပါ။ ကျောဘက်မှာတော့ Huawei Mate 30 Pro ဆန်‌တဲ့ စက်ဝိုင်းပုံ ကင်မရာဒီဇိုင်းနဲ့ လာပါတယ်။




Photo: memeburn

မျက်နှာပြင်ဆိုဒ် ၆.၆၃ လက်မ LCD Display ဟာ FHD+ ရုပ်ထွက် ပါရှိပြီး မှန်ပြင်နဲ့ ကိုယ်အချိုး ၉၂% ရှိမယ်လို့ ပြောပါတယ်။ Pop-Up ဆယ်လ်ဖီကင်မရာအိမ်ထဲမှာ f/2.2 aperture ပါ 16MP Selfie ကင်မရာ သုံးထားပါတယ်။ ကျောဘက်စက်ဝိုင်းပုံကင်မရာ Module ထဲမှာ 64MP Main Sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာ ၄ လုံး ပါရှိမှာပါ။

ဓါတ်ပုံရိုက်ချက်နည်းပညာအနေနဲ့ Super Night Mode ၊ EIS ရုပ်ငြိမ်စနစ်နဲ့ 1080p ဗွီဒီယိုရိုက်ကူးမှုတို့လည်း ပါရှိပါတယ်။ Nova Y9a ဟာ Helio G80 Chipset သုံး Mid-Ranger ဖုန်းတစ်လုံးဖြစ်ပြီး RAM 8GB/128GB Storage တို့နဲ့ လာပါတယ်။ Storage ထပ်မြှင့်ချင်သူတွေအတွက်လည်း NM Card Slot တစ်ခု OnBoard ထည့်ပေးထားပါတယ်။ Android 10 OS အခြေခံ EMUI 10.1 နဲ့လာပြီး Huawei ထုတ် တခြားဖုန်းတွေလိုပဲ Nova Y9a မှာ Google Apps နဲ့ Services တွေ ပါမှာ မဟုတ်ပါဘူး။ 

Photo: playfuldroid


ဘက်ထရီပါဝါ 4300mAh ဖြစ်ပြီး 40W SuperCharge အမြန်အားသွင်းနည်းပညာ ၊ Dual 4G VoLTE ၊ USB-C Port ၊ 3.5mm Headphone Jack နဲ့ ဘေးဘောင် လက်ဗွေနည်းပညာတွေလည်း သုံးထားပါတယ်။ Space Silver ၊ Sakura Pink နဲ့ Midnight Black သုံးရောင်နဲ့လာပြီး တောင်အာဖရိကမှာ အာဖရိကရန် ၆၄၉၉ (မြန်မာငွေ ၇ သိန်းခွဲနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က