အလုပ်ခေါ် ၊ အလုပ်လျှောက်တာနဲ့ Network တည်ဆောက်တာ ပိုလွယ်ကူစေဖို့ AI ကို သုံးတာပါ

AI နည်းပညာ ဖွံ့ဖြိုးလာတဲ့ 2023 မှာ နယ်ပယ် အသီးသီးက ဥာဏ်ရည်တု နည်းပညာကို အားထားလာပြီး လုပ်ငန်းပိုင်း တိုးတက်လာအောင် သုံးလာကြပါတယ်။

ဖွံ့ဖြိုးမှုတွေထဲက တစ်ခုကို ထောက်ပြရရင် အလုပ်ကိုင် အခွင့်လမ်းရှာဖွေရေး Platform ဖြစ်တဲ့ LinkedIn မှာ စမ်းနေတဲ့ AI ပါ ၊ ရည်ရွယ်ချက်က စာလုံးရေ အလုံး ၃၀ ခန့် Prompt ပေးလိုက်ရုံနဲ့ AI ကို Post ရေးခိုင်းပြီး ကြော်ငြာဖို့ပါ။

Professional Platform တဖြစ်လည်း LinkedIn မှာ အလုပ်လျှောက်ခြင်း ၊ ခေါ်ခြင်း ၊ အချိတ် အဆက် Network တည်ဆောက်ခြင်း ဒီ၃မျိုးက အရေးပါဆုံးဖြစ်ပြီး အမြဲတစေ Up-to-date ဖြစ်နေဖို့ က ကဏ္ဍ ၃ ခုလုံးတွက် လိုအပ်ပါတယ်။

ဒီတော့ ကိုယ့်ရဲ့ Career Profile ကျကျနန တည်ဆောက်ဖို့ ၊ အလုပ်ခေါ်တဲ့အခါ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်ဖို့ Content ရေးတဲ့အခါ တစ်ခါတရံ အခက်ခဲ ရှိတတ်ပါတယ်၊ အထူးသဖြင့် တကြိမ်မျှ Post မတင်ဖူးရင် ပိုသိသာပါတယ်။

Image: CoxBlue

ဒါကြောင့် ဒါရိုက်တာဖြစ်သူ “Keren Baruch” က ပိုမို မြန်ဆန်တဲ့ Experience ရအောင် Generative AI Post Writing နည်းပညာနဲ့ ကူညီထားလိုက်ပြီ လို့ ဆိုထားသလို တကယ်လို့ AI Feature ကို သုံးချင်ရင် အနည်းဆုံး စာလုံး 30 လောက် Outline ပုံစံမျိုး ပေးဖို့လိုအပ်တယ်။

Input တစ်ခု ထုတ်ပေးရတဲ့ သဘောပေါ့ ၊ အဲ့ဒါရမှ Draft တစ်ခု ထုတ်ပြပြီး ပြင်ချင်တာ ပြန်ပြင် ၊ Review လုပ်တဲ့သဘောပေါ့ ၊ ကျေနပ်ပြီဆိုမှ Publish လုပ်လိုက်ရုံပါ လို့ Karen ရှင်းပြပါတယ်။

အခုချိန်မှာတော့ စမ်းသပ်ဆဲ ဖြစ်တာမို့ Accessibility Feature အနေနဲ့ Update မှာ ပါလာမယ်လို့ သိရပြီး Generative AI နဲ့ ပတ်သက်လို့ ထင်မြင်ချက်တချို့ သုံးသပ်ထားတာမျိုးလည်း တွေ့ရပါတယ်။

အဲ့ဒါက Authenticity နဲ့ ပတ်သက်ပြီး တင်လိုက်တဲ့ Post တွေမှာ ထင်သာ ၊ မြင်သာ မဖြစ်မှာထက် Original မဟုတ်တာကို စိုးရိမ်တာပါ။ နောက်တချက်က လူနဲ့ တိုက်ရိုက်ပြောတာထက် Chatbot လုပ်ဆောင်ချက်မျိုး ပါလာနိုင်ပြီး Conversation အပိုင်းမှာ Generative AI က ပြောင်းလဲနိုင်တာမျိုးပါ။

ဒါနဲ့ ပတ်သက်လို့ စိတ်ပူစရာ မရှိပေမယ့် အများစု မျော်လင့်တာ တကယ် လိုအပ်တဲ့အခါမျိုးမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်နဲ့ Chat ပြီး စစ်မှန်တဲ့ Engagement ပျောက် မသွားဖို့ပါပဲ။

LinkedIn အနေနဲ့ AI ဖန်တီးတဲ့ Cover Letters ကို ကြေညာခဲ့ပေမယ့် ရေးသမျှကို ကိုယ်တိုင် ဆန်းစစ်ဖို့လိုမယ် ၊ AI သုံးရတဲ့ ရည်ရွယ်ချက်ကိုက Platform ချမှတ်ထားတဲ့ Goal နဲ့လည်း ကိုက်ညီဖို့ တစ်ဖက်က အလုပ်ကိုင် ရှာနေသူရဲ့ လိုအပ်ချက်ကို Empower ဖြစ်စေဖို့နဲ့ ထိရောက်ဖို့ စမ်းသပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

Source: GizmoChina

Share

Loading Next Article...
က္က