Mid-range ဖုန်းတွေထဲ ရွေးချယ်စရာ ဖြစ်လာဦးမယ့် POVA 5 ကို ခေတ်မီ ဆန်းပြားတဲ့ “Turbo Mecha” ဒီဇိုင်းနဲ့ Tenco မိတ်ဆက်လိုက်ပါတယ်။
POVA 5 အသွင်အပြင်က Sci-Fi ဇာတ်လမ်းထဲက Mecha စက်ရုပ် ဒီဇိုင်းကို မီငြမ်းထားပြီး Infinix ဖုန်းတွေနဲ့ တိုက်ရိုက် Competitor ဖြစ်လာမယ့် ဖုန်းကို Free Fire Special Edition ဆိုပြီး ကြေညာထားပါတယ်။
ဒါကြောင့် Garena နဲ့ Collab လုပ်ထားတဲ့ POVA 5 စီးရီးမှာ Pro နဲ့ Neo 3 ဆိုပြီး Version နှစ်မျိုး ထပ်ခွဲထားသလို သုံးထားတဲ့ Specs ကို ပြောရရင် Helio G99 SoC ကို 8GB RAM နဲ့ တွဲဖက်ထားမှာပါ။
Display ပိုင်းမှာ 120Hz Refresh Rate ပါဝင်ပြီး 240Hz Touch Sampling Rate ရှိတယ် ၊ Resolution အနေနဲ့ FHD+ (1080 x 2440) သုံးထားတဲ့ IPS LCD ကို ဂိမ်းဆော့ဖို့ လုံလောက်တယ် ပြောနိုင်ပြီး စိတ်ဝင်စားဖို့ ကောင်းတာ Cooling ပိုင်းပါ။
Tecno အဆိုရ Vapour Chamber ၊ Graphene Heat Sink နဲ့ အပူစွန့်ထုတ်မှု ဧရိယာဟာ 10,749 mm2 ထိရှိလို့ Thermal Performance ပိုင်း ဂရုစိုက်ထားပုံ ရပါတယ်။
50MP Primary Sensor သုံးထားတဲ့ POVA 5 မှာ Depth-sensor တစ်လုံးသာပါလို့ Camera Bump က အထင်ကြီးအောင် လုပ်ထားပုံရပါတယ် ၊ Selfie တွက်ကိုကျ 8MP Sensor နဲ့ တွေ့ရမှာပါ။
45W Fast Charging ရ 6,000 mAh Battery ဟာ 21 မိနစ်တွင်း 50% ၊ 1 နာရီတွင်း အပြည့်ဖြည့်ပြီးနိုင်ပြီး Reverse Charge တွက် 10W Speed နဲ့ အားပြန်သွင်းပေးနိုင်ပါတယ်။
6,000 mAh Battery ကို STS Secure Technology သုံးထားပြီး POVA ဖုန်းရဲ့ Battery Lab 3.0 Software နဲ့ဆိုရင် သက်တမ်း ပိုခံအောင် သုံးနိုင်မယ်လို့ Tecno အဆိုရ သိရပါတယ်။
Hurricane Blue ၊ Amber Gold နဲ့ Mecha Black 3 ရောင်နဲ့ ရနိုင်မယ့် POVA 5 ကို Z-axis Linear Vibration Motor ၊ DTS Sound အားဖြည့်ထားတဲ့ Dual Speakers တို့ပါပြီး ရောင်းမယ့် စျေးနှုန်းကိုတော့ မပြောသေးပါဘူး။
Source: GSMArena
Share