ဝတ်မှုံရွှေရည်ကတော့ Asean Academy Creative Awards ပွဲမှာ Best Actress In A Supporting Role ဆုရရှိခဲ့တဲ့ သမီးလေး ပြည့်ပြည့်အတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ ဒီဆုပေးပွဲကိုတော့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။
Photo: Asean Acedemy Creative Award
စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် Asean Academy Creative Awards ပွဲတွင် ကလေးသရုပ်ဆောင် ပြည့်ပြည့်က အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရရှိခဲ့သည်။ဒီဆုကိုတော့ ဝတ်မှုံရွှေရည်ကိုယ်တိုင်က ဆုချီးမြှင့်ခဲ့တာပါ။ ဝတ်မှုံရွှေရည်ကလည်း ကလေးသရုပ်ဆောင် ပြည့်ပြည့်အတွက် ဝမ်းသာဂုဏ်ယူနေပါတယ်။
"ကိုယ့် နိုင်ငံက ရတဲ့ဆု ကို ကိုယ်ပြန်ပေးရတော့ ဘယ်လိုကြည်နူးမှန်းမသိ။ ဇာတ်ကားထဲ မှာ အလွန်ချစ်ရတဲ့သမီးလေး။ အပြင်မှာလည်း လိမ်မာ ပါးနပ် အလိုက်သိလွန်းတဲ့အရမ်းချစ် ရသော ပြည့်ပြည့်လေး သိပ်ကို ဂုဏ်ယူရပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။
Photo: Li John
Asian Academy Creative Award ဆုပေးပွဲဟာ အာရှ - ပစိဖိတ်ဒေသမှ တစ်နှစ်အတွင်း ထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကား ကောင်းများ ရွေးချယ်၍အကောင်းဆုံးအနုပညာဆောင်ရွက် ချက်များအတွက် ဆုရွေးချယ်ချီး မြှင့်ခြင်းတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဒီဇင်ဘာလ ၆ ရက်နေ့က စင်ကာပူနိုင်ငံရှိ Victoria Theatre Singapore မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီဆုပေးပွဲမှာ Best Actress In A Supporting Role ဆုကို ရရှိသွားတဲ့.ပြည့်ပြည့်ကတော့ အသက် ၁၀ နှစ်သာရှိသေးတဲ့ ကလေးသရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ သမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။
Photo: Yoon Yoon
သရုပ်ဆောင် ဝတ်မှုံရွှေရည်ကလည်း ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asian Academy Creative Award ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Asian Academy Creative Award ဆုပေးပွဲမှာ ဒီရုပ်ရှင်ဇာတ်ကားကြီးနဲ့ Regional ဆုပေါင်း (၆)ဆုရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုတွေကတော့ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတို့ ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo: Li John
လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိကသရုပ်ဆောင်တွေအနေနဲ့ နိုင်းနိုင်း ၊ ဒေါင်း ၊ ဝတ်မှုံရွှေရည် ၊ကလေးသရုပ်ဆောင် ပြည့်ပြည့်နှင့် တုန်တုန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးထိုင်းဒါရိုက်တာ Chartchai Ketnust ကရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ Brave Empire Entertainment က ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။