သန်လျှင်အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ လှူခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ သန်လျှင် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ခွဲစိတ်ဆရာဝန်၊ ဆရာမတွေအနေနဲ့ ကာကွယ်ရေး ဝတ်စုံတွေ ဝတ်ဆင်ရာမှာ ကြည့်ဖို့ မှန် လှူခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Poe Kyar Phyu Khin



သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ သန်လျှင်မြို့နယ်အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ဆရာဝန်၊ ဆရာမတွေအတွက် ကာကွယ်ရေးဝတ်စုံဝတ်ဆင်ရာမှာ ကြည့်ဖို့ မှန်လှူဒါန်းခဲ့ပါတယ်။ ဒီအလှူအတွက် သူ့ရင်ထဲက စကားသံကိုလည်း အခုလို ပြောပြလာပါတယ်။

"သန်လျှင်အထွေထွေရောဂါကုဆေးရုံကြီး ရဲ့ Covid-19 Isolation ward မှာ ဆရာဝန်၊ ဆရာမများ PPE ဝတ်စုံ ဝတ်ဆင်ရာတွင် safe side ဖြစ်စေရန် ကြည့်မှန်လိုအပ်နေတယ်လို့ သိရလို့ ဒီနေ့(ဧပြီလ ၁၉) ရက်နေ့ ညနေ ချက်ချင်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒီလိုချိန်မျိုးမှာ အခုလို သွားရောက် လှူဒါန်းခွင့်ရတဲ့အတွက်အရမ်း ဝမ်းသာမိပါတယ်။ ဒီအလှူ ဖြစ်မြောက်ဖို့ အတွက် ကူညီလှူဒါန်းပေးခဲ့ကြတဲ့ ကိုအောင်မြတ်သူ နဲ့ ကိုစိန်လင်းတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ Covid-19 ပပျောက်ရေး အတွက် ရှေ့တန်းက တိုက်ပွဲဝင်ပေးကြတဲ့ ဆရာဝန်၊ဆရာမများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဒီကပ်ရောဂါဘေးကြီးလည်း အမြန်ဆုံး ပပျောက်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်" ဆိုပြီးတော့ ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Poe Kyar Phyu Khin

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည်း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မယ်မယ်ထိပ်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က