ပရိသတ်တွေရဲ့ အချစ်တော် သက်မွန်မြင့်က သူ့ရဲ့ အားသာချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်. သူမက မိသားစုကို အချိန်ပေးရင်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်.
Photo: Amazing Grace
အရပ်မြင့်မြင့်နဲ့ ချစ်စရာကောင်းတဲ့ အပြုံးပိုင်ရှင်လေး သက်မွန်မြင့်က ဒီနေ့ ခေတ် အနုပညာလောကမှာ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်.ဒီ့အတွက်ကြောင့်လည်း ပရိသတ်အချစ်တော် မင်းသမီးချော သက်မွန်မြင့်က သူမရဲ့ အားသာချက်တွေကို အခုလို ပြောလာပါတယ်.
'' ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတာ ကိုယ့်အားသာချက် လို့ မပြောပါဘူးသူတို့တွေရဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက် ချစ်စရာကောင်းတဲ့ သူမရဲ့ တစ်ကိုယ်တော် အလှဓာတ်ပုံလေးတွေကို တင်ခဲ့တာ တွေ့ရပါတယ်.
Photo: Amazing Grace
သက်မွန်မြင့်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေ ဆိုတဲ့ သားသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူပါ။ အဲ့ဒီနောက် အသက် ၂နှစ်တောင် မပြည့်သေးပဲ လည်လွန်း တတ်လွန်းတဲ့ သမီးငယ်လေး လဝန်းမေအကြောင်းပြောခဲ့ဖူးပါတယ်။
''သူက သမီး မဟုတ်ဘူး။ အမေ မွန့် အမေ တတ်လွန်း သိလွန်း ဆရာလုပ်လွန်း လူကြီးဆန်လွန်းလို့ ဒါ ၂ နှစ်မပြည့်သေး'' ဆိုပြီးတော့ လဝန်း လေး ရဲ့ စကားတတ်တဲ့အကြောင်းတွေကို သက်မွန်မြင့်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသား ခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ လဝန်း လေးနဲ့ မေမေ သက်တို့ရဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့ပါတယ်။
Photo: Amazing Grace
သက်မွန်မြင့်ရဲ့သမီးငယ်လေး လဝန်းမေက အခုဆိုရင် စကားပြောတတ်နေပြီလို့ သိရပါတယ်။ သမီးလေး စကားစပြောတတ်တဲ့ အချိန်တုန်း က အမှတ်တရတွေ၊ မေမေ လို့ခေါ်ပြီး သူ့ကိုလည်း စနောက်တတ် တဲ့ အကျင့်လေးတွေကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။
'' ဒိုင်း ဆိုပြီးတော့ သေနတ်ပစ်တာပေါ့။ အစ်ကိုတွေနဲ့ ဆော့နေရင် သေနတ်ပစ်ဆိုတော့ ဒိုင်း အဲ့ဒါစစချင်းပြောတာ။ ဒိုင်း လို့ ပြောပြီးတော့ မေမေ လို့ စခေါ်တယ်။ မေမေလို့ စခေါ်ကတည်းက ဒီကောင်မလေးက နည်းနည်း မျက်နှာပြောင်တယ်။ သူများကို သိပ်စတတ်တယ်။ မေမေ ခေါ်တာတောင်မှ မေမေလို့ ခေါ်ပြီး ပုန်းသွားလိုက်ပေါ့ အဲ့ဒီလို အမှတ်တရလေးတော့ ရှိတယ်'' လို့ ဆိုပါတယ်။
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။