သရုပ်ဆောင်ပိုင်တံခွန်တစ်ယောက် ဇူလိုင်လ အထိကို နားရက်မရှိ အလုပ်တွေ ဆက်တိုက် လက်ခံထားတယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ကမ်းလှမ်းထားတဲ့ ကြော်ငြာတွေ ရိုက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ လော လောဆယ်မှာတော့ နိုင်ငံ ၃ နိုင်ငံမှာ သွားရောက်ရိုက်ကူးဖို့ သေချာပြီဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။
'' လောလောဆယ် ၃ ခုကတော့ Confirm ဖြစ်သွားပြီ၊ ဗီယက်နမ် နဲ့ စင်္ကာပူကတော့ Travel & Tour ကြော်ငြာသွားရိုက်ရင်းနဲ့ Wedding Shotting ပါ တစ်ခါတည်းရိုက်မယ်။ ဗီယက်နမ်မှာကျတော့ Wedding Shotting ပဲ Miss တစ်ယောက်နဲ့ပဲ။ ဘန်ကောက်မှာကျတော့ ထိုင်းက Model တွေနဲ့ပဲ မျက်နှာသစ်ဆေးကြော်ငြာရိုက်ရမယ်။ မလေးရှားကအလုပ် ကိစ္စကတော့ ကျွန်တော် Confirm ပြန်လုပ်ဦးမယ်။ ရက်ကလည်း ဒီဘက်ကလောလောဆယ် ညှိလို့မရဘူးဖြစ်နေတယ်'' ဆိုပြီးတော့ Duwun Media ရဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ဝေဖန်ခံနေရတဲ့ ဖက်ရှင်အကြောင်းပြောလာတဲ့ ပိုင်တံခွန်
ပိုင်တံခွန်ဟာ အလုပ်တွေ လက်မလည်အောင်များနေပေမယ့်လည်း သူချစ်ရတဲ့ ပရိသတ်လေးတွေအတွက် သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲ ချပြလေ့ရှိပါတယ်။ အခုလက်ရှိမှာလည်း ပြည်ပမှာ ရိုက်ကူးရေးတွေ သွားလုပ်ရမှာဖြစ်လို့ သူ့ပရိသတ်လေးတွေသိအောင် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂၀ရက်နေ့ နေ့လည် ၁၂ နာရီ ၄၃ မိနစ်အချိန်က ရေးသားခဲ့ပါတယ်။
''ကိုယ်ဒီနေ့ ကနေ ဇူလိုင်၁၄ ထိ တောက်လျောက် အလုပ်များနေပါမယ် ဒီအတောအတွင်း စင်ကာပူ မလေး၇ှား ဗီယက်နမ် နှင့် ထိုင်း ဘက်မှာလည်း ကမ်းလှမ်းထားတဲ့ ကြော်ငြာတွေသွားရိုက်ဖြစ်ဖို့ ရှိပါတယ်။ ကြော်ငြာသွားရိုက်၇င်း မြန်မာ ပရိတ်သတ်တွေ နဲ့လည်း ဆုံချင်ပါတယ်'' ဆိုပြီးတော့ ရေးသားခဲ့တာပါ။
ပိုင်တံခွန်ဟာ အခုလက်ရှိမှာတော့ အိန်ဂျလမုန်နဲ့အတူ သမန်းကျား ဝိညာဉ် ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်ကား ထဲမှာ ကျားတစ်ပိုင်း လူတစ်ပိုင်း လူသားတစ်ဦးရဲ့အဆန်းကြယ်ဆုံးကာရိုက်တာကို သရုပ်ဆောင်ထားတာပါ။ ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စအမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။
မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။