သူမလေးကတော့ ဆူတဲ့လူကို စိတ်ကောက်လိုက်ပါတယ်တဲ့။

ပိုင်ဖြိုးသု တစ်ယောက် ခင်ပွန်းလောင်းဖြစ်သူ ဒါရိုက်တာ ဏကြီးကို စိတ်ကောက်နေတယ်လို့ ဆိုပါတယ်. စိတ်ကောက်ပုံလေးက ချစ်စရာကောင်းလွန်းလို့ အသည်းကြွေမတတ်အောင်ပါပဲနော်.

Photo: Amazing Grace



ပိုင်ဖြိုးသုဟာ မကြာသေးခင်က ခင်ပွန်းလောင်း ဒါရိုက်တာဏကြီးနဲ့ ရိုက်ကူးထားတဲ့ Pre Wedding ဓာတ်ပုံကို လွန်ခဲ့တဲ့ နာရီပိုင်းက ဖေ့စ်ဘွတ်ပေါ် တင်ခဲ့ပါတယ်. ဒီ့အတွက်ကြောင့်လည်း ကိုဏကြီးက သူမကို ဆူ ခဲ့တယ်လို့ ပြောပါတယ်. ဒါကြောင့် အခုတော့ သုသု တစ်ယောက် ချစ်စရာကောင်းအောင် စိတ်ကောက် ပြနေပါပြီ.

''ဓါတ်ပုံလေး တစ်ပုံတင်မိတာကို တကူးတကဖုန်းဆက်ပြီးလည်းဆူသလို သူများက နေ့လယ်shooting ထမင်းစားbreak မှာသူထမင်းစားပြီးပြီလားဖုန်းဆက်မေးတာကိုလည်း အဲဒီဓါတ်ပုံကိစ္စကို ထပ်ဆူတာမို့ စိတ်ကောက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း မှတ်ချက်: စိတ်ကောက်နေပြီမို့ထပ်ဆူလို့မရတော့ကြောင်း. ညနေshooting အပြီးမုန့်လိုက်ဝယ်ကျွေးရင်တော့ စိတ်ကောက်ပြေနိုင်ကြောင်း (ဝိတ်ချနေသည်မို့ စားကောင်းပြီးမဝစေတဲ့မုန့်ဖြစ်ဖို့တော့လိုကြောင်း)'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်.

Photo: ပိုင်ဖြိုးသု

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းမှာ စေ့စပ်ပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ အနုပညာအလုပ်တွေများနေတာဖြစ်တဲ့အတွက် မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ်မှသာ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ပိုင်ဖြိုးသုက မီဒီယာ တွေကို အခုလိုပြောပြခဲ့ပါတယ်။

'' ရှေ့နှစ်ထဲပေါ့နော်၊ ဒီနှစ်ထဲမဟုတ်သေးတာတော့ သေချာတယ်။ အမှန်အတိုင်းပြောရရင် နှစ်ယောက်စလုံး အရမ်းအလုပ်ရှုပ်နေကြတယ်။'' လို့ ဆိုပါတယ်။

Photo: Amazing Grace

ပိုင်ဖြိုးသုက ဒါရိုက်တာ ဏကြီးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာတာဖြစ်ပါတယ်။ စေ့စပ်ပွဲ ကို ကြိုတင်လုပ်လိုက်ရတဲ့ ရည်ရွယ်ချက်က တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကို တည်ဆောက်ကြတာဖြစ်တယ် လို့လည်း ဖြေဆိုခဲ့ဖူးပါသေးတယ်.

'' သူ့ကို အပြည့်အဝယုံကြည်တယ်။ ဒါပေမယ့် ကံကို အပြည့်အဝမယုံကြည်ဘူး။ အဲ့ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလေး အပြည့်အဝ တည်ဆောက်လိုက်တဲ့သဘောပေါ့နော်။ သု တို့ တွဲတာလည်း ကြာပြီ အခုဆို ၅ နှစ်ပြည့်တော့မှာပါ။ အနုပညာအလုပ်တွေလည်း စတွဲလုပ်နေပြီ။ ပရိသတ်အရှေ့မှာ အမြင်တင့်တယ်အောင် စေ့စပ်ထားလိုက်တဲ့ သဘောပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Amazing Grace

ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းတက်ရင်းနဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်. အနုပညာပျိုးခင်ကစင်တင်ပေးလိုက်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက အခုဆိုရင် 3Girl ရုပ်ရှင်ဇာတ်ကားနဲ့ အဓိက အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က