လက်တလောမှာ သင်္ကြန်အထူးပရိုမိုးရှင်းလည်း ရှိနေတာကြောင့် အံ့အားသင့်လောက်စရာခံစားခွင့်တွေကိုလည်း ရရှိနိုင်ပါသေးတယ်။

ကားဝယ်ဖို့စဉ်းစားနေပြီး Premium ဖြစ်တဲ့ SUV ကားမျိုးရှာနေတယ်ဆိုရင် Hyundai Tucson 2020 Model က ဦးစားပေး ရွေးချယ်သင့်တဲ့ကားတစ်စီးပါပဲ။ Hyundai Tucson 2020 ဟာဆိုရင် မောင်းနှင်ရပေါ့ပါးပြီးအတွင်းခန်းကျယ်စွာဖြင့် ကျစ်လျစ်တဲ့ SUV ကားအမျိုးအစားဖြစ်ကာ ပစ္စည်းတင်ဆောင်ရ အဆင်ပြေပြီး ပါကင်ထိုးရ လွယ်ကူသလို မောင်းနှင်ရတာလည်း အဆင်ပြေချောမွေ့တဲ့ကားတစ်စီးပဲ ဖြစ်ပါတယ်။ လက်တလောမှာ သင်္ကြန်အထူးပရိုမိုးရှင်းလည်း ရှိနေတာကြောင့် အံ့အားသင့်လောက်စရာခံစားခွင့်တွေကိုလည်း ရရှိနိုင်ပါသေးတယ်။

Premium Mid-sized ၂၀၂၀ မိုဒယ်မှာ ပုံစံအသစ်၊ ပိုမိုသာလွန်တဲ့ Powertrain တွေအပြင် စံနှုန်းသစ်တွေနဲ့ ထူးခြားတဲ့နည်းပညာတွေကိုပါ ထည့်သွင်းတပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။ဒါ့အပြင် Touchscreen Infotainment တွေဖြစ်တဲ့ Apple CarPlay, Android Auto Capability, Floating-type 8” LCD Touch Screen, Supervision TFT LCD Cluster, ကြိုးမဲ့စမတ်ဖုန်း ချိတ်ဆက်မှု၊ Smart Tailgate System, နှင့် HTRAC All-wheel Drive နည်းပညာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ အာမခံအနေနဲ့ ၇ နှစ် ဒါမှမဟုတ် ကီလို တစ်သိန်းခွဲအထိ ပေးထားတာကြောင့် ယုံကြည်စိတ်ချထိုက်တဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။ Tucson ကားရဲ့ လှပခိုင်ခံ့တဲ့ အပြင်ပန်းကားဒီဇိုင်း၊လုံခြုံမှုကို အလေးပေးထားတဲ့ ဆင်ဆာများတပ်ဆင်ထားခြင်း၊ အရေးပေါ် အော်တိုဘရိတ် System များပါရှိတို့ကြောင့် အမေရိကန်နိုင်ငံမှ ချီးမြင့်သော လုံခြုံစိတ်ချမှု အကောင်းဆုံးဆု ( IIHS) ကို ပါရရှိထားပါသေးတယ်။

စွမ်းဆောင်ရည်နှင့် အသေးစိတ်အချက်အလက်များ

•          အင်ဂျင်အမျိုးအစား           2.0 CRDi

•          အင်ဂျင်ပါ၀ါ                  1,995 စီစီ

•          အမြင့်ဆုံးစွမ်းရည်             185 ps/ 4,000 rpm

•          အမြင့်ဆုံးရုန်းအား             41.0 kgm/ 1,750 ~ 2,750 rpm

•          ဆီစားနှုန်း                      16.7 km/L (Combined)

•          ဂီယာအမျိုးအစား             8-speed အော်တိုဂီယာ

•          ဆီအမျိုးအစား                 ဒီဇယ်

•          မောင်းနှင်မှုပုံစံ                 2WD/4WD


Exterior

၂၀၂၀ မော်ဒယ်အသစ်အတွက် အတွင်းခန်းနဲ့ အပြင်ပိုင်းတွေကို ပြန်လည်ဆန်းသစ်ထားတဲ့ အသေးစားပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကားရဲ့ကိုယ်ထည်တည်ဆောက်ပုံချင်းအပြင် လုံခြုံမှုနဲ့ Powertrain အပိုင်းတွေကိုပါ ထူးထူးခြားခြားဖြစ်အောင် အဆင့်မြှင့်တင်ထားပါတယ်။ အသစ်မွမ်းမံထားတဲ့ ကားရဲ့အပြင်ဘက် ကိုယ်ထည်ပိုင်းမှာ Tucson ရဲ့ ပုံစံကို ကွဲပြားသွားစေမယ့် ရှေ့မီးသီးများ၊ နောက်မီးသီးများ တပ်ဆင်ထားတဲ့အပြင် ဆန်းသစ်တဲ့လေဝင်ပေါက်၊ မွမ်းမံထားတဲ့ ကားအရှေ့နဲ့ အနောက် Fascia တို့နဲ့အတူ ၁၈ လက်မအထိရှိတဲ့ ကားဘီးဒီဇိုင်းတွေက မတူခြားနားတဲ့ ခံစားမှုကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။ အသိသာဆုံး ပုံစံပြောင်းလဲမှုအနေနဲ့ Hyundai ရဲ့သင်္ကေတဖြစ်တဲ့ Cascading Grille က Tucson ကို လက်ရှိထပ်မံမွမ်းမံထားတဲ့ အခြားသောကားအမျိုးအစားတွေကြားမှာ ထူးထူးခြားခြားဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီ ၂၀၂၀ မော်ဒယ်အသစ်မှာ ကားအရှေ့နဲ့ အနောက် ဘမ်ပါတွေကိုပါ အနည်းငယ်မွမ်းမံထားတဲ့အပြင် ကားရှေ့မီးသီးအသစ်တွေကလည်း Hyundai ရဲ့ Cascading Grille ပုံစံသစ်ကို ဖော်ဆောင်ပေးထားပြီး နှင်းခွဲမီးတွေနဲ့ နောက်မီးသီးတွေကိုပါ ပြန်လည်ဆန်းသစ်ထားပါတယ်။

ပြင်ပမီးများ

•          LED နေ့ဘက်ဖွင့်ရှေ့မီးတွေနဲ့ LED နောက်မီးတွေပါဝင်မှု၊

•          ဘယ်နေရာမှာမောင်းမောင်း မြင်နိုင်စွမ်းကောင်းစေတဲ့အမြင့်ဆုံးမီးအားရရှိစေမယ့် LED အပြည့် ရှေ့မီးကြီးတွေပါရှိမှု ့

•          လမ်းအကွေ့တွေမှာ မီးအလင်းရောင်ကိုအလိုက်သင့်ကွေ့သွားစေပြီး ကားရဲ့ဦးတည်ရာအတိုင်း အကောင်းဆုံးအလင်းပေးနိုင်တဲ့ချိုးကွေ့နိုင်တဲ့အလင်းပေးစနစ် (DBLS) ပါဝင်တဲ့ ပြင်းအားမြင့် Xenon ရှေ့မီးကြီးများ

ကားအနားကိုကပ်လာရင် အလိုအလျောက်လင်းလာမယ့် LED မီးတွေကို အပြင်တံခါးလက်ကိုင်တွေမှာ တပ်ဆင်ပေးထားလို့ ညဘက်တွေမှာ ပိုပြီးအဆင်ပြေလွယ်ကူစေပါတယ်။

ဒီလိုအားသာချက်တွေအပြင် ကားဘီးတွေကို ၁၈-လက်မအလွိုင်းဘီးတွေတပ်ဆင်ပေးထားပြီး၊ ဘေးနဲ့နောက်ကြည့်မှန် တွေမှာ အချက်ပြမီးတွေထည့် ပေးထားတာကိုလည်းတွေ့ရပါသေးတယ်။

Interior

အလုံးစုံဒီဇိုင်းပြောင်းတာမဟုတ်ဘဲ အချို့အစိတ်အပိုင်းတွေကို ပြန်လည်ဆန်းသစ်ထားတဲ့ Hyundai Tucson 2020 မှာ ၄င်းရဲ့ အတွင်းပိုင်းကိုတော့ လုံးဝပြန်လည်မွမ်းမံထားပါတယ်။ ကားအတွင်းပိုင်းမှာပါဝင်တဲ့ Touchscreen ဟာ မကြာသေးခင်က Hyundai က မွမ်းမံထုတ်လုပ်ထားတဲ့ Elantra GT, Kona နဲ့ Santa Fe တို့မှာပါဝင်တဲ့ Touchscreen တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ 2020 Tucson ရဲ့ လေဝင်လေထွက်ပေါက်တွေကို ပြောင်းလဲတပ်ဆင်ထားတဲ့အပြင် လည်သာထိုင်ခုံတွေကိုလည်း ဒီဇိုင်းသစ်တွေနဲ့ မွမ်းမံထားပါတယ်။

Floating-type 8” LCD Touchscreen စနစ်

ယာဉ်မောင်းထိုင်ခုံကို ချိန်ညှိနိုင်ခြင်း

နောက်ခုံတန်းကို ချိုးချနိုင်ခြင်း

အတွင်းခန်း သားရေအပြင်အဆင်

တံခါးမှန်အနက်

Safety Power Window (မောင်းနှင်သူဘက်အခြမ်းတွင်သာ)

လုံခြုံရေး

ကောင်းမွန်တဲ့လုံခြုံရေးစနစ်သစ်တွေနဲ့ တမူထူးခြားတဲ့ တောင့်တင်းမှုတွေနဲ့ ကားကောင်းတစ်စီးလည်းဖြစ်ပါတယ်။ အဆင့်မြင့် High Strength Steel (AHSS) နဲ့ ပုံသွင်းတည်ဆောက်မှုစနစ်တွေကို အသုံးပြုပုံဖော်ထားတဲ့ Tucson 2019 ကားဟာဆိုရင် မောင်းနှင်ရညက်ညောပြီး အကောင်းဆုံးလုံခြုံရေးစနစ်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ 2019 ကားသစ်ရဲ့ အထူးခြားဆုံးပြောင်းလဲမှုကတော့ အရေးပေါ်အလိုအလျောက်ဘရိတ်စနစ် ပါဝင်တဲ့ Front Collision System ဖြစ်ပြီး Tucson Grade အမျိုးအစားအားလုံးမှာ Standard Pedestrian စနစ် ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Lane Keep Assist ကိုပါ ထည့်သွင်းထားပါတယ်။

လုံခြုံရေးလုပ်ဆောင်ချက်များ

Tucson 2020 ကားတိုင်းမှာ Android အော်တိုစနစ်၊ အရေးပေါ်အော်တိုဘရိတ်စနစ်၊ ယာဉ်အရှေ့ပိုင်းအချက်ပြစနစ်၊ ကြိုးမဲ့ဖုန်းအားသွင်းစနစ်၊ နောက်ခုံ USB ပလပ်ပေါက်၊ မောင်းနှင်သူအချက်ပြစနစ်၊ Automatic High Beams၊ Adaptive Cruise Control၊ Rain-sensing Wipers နဲ့ Lane Keep Assist တို့ ပါဝင်ပါတယ်။

Front And Rear Parking Assist System (PAS)

Electric Chromic Mirror (ECM) And Rear Camera Display (RCD) System

လေအိတ် ၆ လုံးစနစ်

အဆင်ပြေလွယ်ကူမှု

အဝေးထိန်းသော့ဖြင့်ဝင်ရောက်မှု၊ Push Start စနစ်

လက်ဖြင့်ဖွင့်စရာမလိုပဲ အလိုအလျောက်ပွင့်သော စမတ်နောက်ဖုံးတံခါး

အအေးခံ ဒက်ရှ်ဘုတ်အကန့်ငယ်

ရရှိနိုင်သောအရောင်များနှင့်စျေး

Tucson ကို အဖြူရောင်၊ ခဲရောင် နဲ့ အနက်ရောင် သုံးမျိုးရရှိနိုင်ပြီး စျေးနှုန်းက ၆၃၅ သိန်းကျပ်ကျသင့်မှာဖြစ်ကာ ရန်ကုန်လိုင်စင်နဲ့ရရှိနိုင်ပါတယ်။

Hyundai Tucson 2020 ကိုနှစ်ရှည်အရစ်ကျစနစ်နဲ့လည်းဝယ်ယူနိုင်ပြီး ကနဦး ၂၀ ရာခိုင်နှုန်းမှစတင်ပေးသွင်းနိုင်ကာ ကျန်ငွေကို CB ၊ UAB ဘဏ်တို့နဲ့ချိတ်ဆက်ကာ တစ်နှစ်ကနေ ငါးနှစ်အထိလစဉ်ပေးသွင်းသွားရမှာဖြစ်ပါတယ်။

သင်္ကြန်အထူးပရိုမိုးရှင်း

Hyundai Tucson 2020 ကိုဦးစားပေးစဉ်းစားသင့်တဲ့အချက်ထဲမှာ လက်ရှိပေးနေတဲ့ သင်္ကြန်အထူးပရိုမိုးရှင်းလည်း ပါဝင်ပါတယ်။ ဒီသင်္ကြန်အထူးပရိုမိုးရှင်းမှာဆိုရင် ၁ နှစ်အတွင် ၁၀ သိန်းဖိုးဆီဖြည့်ခွင့်၊ ၃ နှစ်စာအင်ဂျင်ဝိုင်အခမဲ့နဲ့ ၇ နှစ် ဒါမှမဟုတ် ကီလို ၁၅၀၀၀၀ အထိအာမခံတို့ပါဝင်ပါတယ်။

Share

Loading Next Article...
က္က