ဘဝခရီးလမ်းဆိုတာ စိန်ခေါ်မှုတွေအပြည့်နဲ့ ဘယ်အရာမှမတည်မြဲဘဲ ပြောင်းလဲနေတာကို အားလုံး အသိပါပဲ။ တစ်ခါတစ်လေ မထင်မှတ်ထားတဲ့ လောကဓံရိုက်ခတ်မှုတချို့ကြောင့် ဘဝခရီးလမ်းကြောင်းဟာ ဟန်ချက်ပျက်သွားနိုင်ပါတယ်။ အထူးသဖြင့် ငွေကြေးကိစ္စပိုင်းနဲ့ပတ်သက်လာရင် လောကဓံတရားရဲ့ ရိုက်ခတ်မှုက ပြင်းထန်တတ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် မိသားစုအတွက် အမြဲထောက်ပံ့ပေးနေတဲ့ကိုယ်က တစ်ချိန်ချိန်မှာ မရှိတော့တဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအရာတွေကို ခဏလောက် စဉ်းစားကြည့်လိုက်ပါ။ နေ့စဉ်အသုံးစရိတ်တွေ၊ အိမ်လခ၊ ကျောင်းစရိတ် စတာတွေက မိသားစုအတွက် မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ငွေကြေးအထောက်အပံ့အကာအကွယ်ရှိဖို့ဆိုတာ အရေးကြီးလှပါတယ်။
အသက်အာမခံဆိုတာ အကာအကွယ်ဒိုင်းတစ်ခုလိုပါပဲ
အသက်အာမခံဆိုတာ ငွေကြေးပိုင်းဆိုင်ရာအကာအကွယ်အတွက် အရေးပါတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ မမျှော်လင့်ဘဲ တစ်ခုခုဖြစ်သွားခဲ့ရင် ချစ်ရသူတွေအတွက် ငွေကြေးအထောက်အပံ့ အကာအကွယ်ရှိနေစေဖို့ အသက်အာမခံက လိုကို လိုအပ်ပါတယ်။ ဒါ့အပြင် မိသားစုအနေနဲ့ လျှောက်လှမ်းနေတဲ့ဘဝဟန်ချက်မပျက်သွားအောင် တခြားငွေကြေးကိစ္စတွေကို ကောင်းကောင်းဖြေရှင်းနိုင်ဖို့အတွက် အကူအညီပေးနိုင်တဲ့ လုံခြုံရေးအကာအကွယ်တစ်ခုလိုမျိုးလည်း လုပ်ဆောင်ပေးပါသေးတယ်။
PRUFlexiprotect PLUS နဲ့ အလုံးစုံကာကွယ်မှုကို အရယူလိုက်ပါ
ကိုယ့်ရဲ့အသက်အာမခံအစီအစဉ်ကို ကိုယ့်လိုအပ်ချက်အလိုက် စိတ်တိုင်းကျရွေးချယ်လို့ရပါတယ်။ စိတ်တိုင်းကျ ကိုယ်တိုင်ရွေးချယ်လို့ရမယ့် PRUFlexiprotect PLUS အသက်အာမခံအစီအစဉ်ကို ပရူဒန်ရှယ်အာမခံက မိတ်ဆက်ပေးလိုက်ပါပြီ။
PRUFlexiprotect ဆိုတာ နာမည်သက်သက်မဟုတ်ပါဘူး။ အဆင်ပြေလွယ်ကူပြီး အလုံးစုံကာကွယ်ပေးသွားမယ်ဆိုတဲ့ ကတိတစ်ခုရဲ့အဓိပ္ပာယ်ကို ထင်ဟပ်နေတာပါ။ မိသားစုရဲ့ အနာဂတ်ငွေကြေးအတွက် ကာကွယ်ပေးဖို့ နည်းလမ်းရှာနေတာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် မတော်တဆ ဖြစ်လာနိုင်မယ့် ကိစ္စရပ်တွေ၊ အပြင်းအထန် မနာကျန်းဖြစ်ခြင်းတွေအတွက် ကြိုတင် ပြင်ဆင်ချင်တာမျိုးဆိုရင်တော့ PRUFlexiprotect PLUS က မိတ်ဆွေတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အသင့်ရှိနေပြီဖြစ်ပါတယ်။
ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်တွေနဲ့အတူ ပိုပြီး ကာကွယ်လိုက်ရအောင်
အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့ကိစ္စရပ်မျိုးကြုံတွေ့လာရတဲ့အခါ PRUFlexiprotect PLUS က မိသားစုကို အာမခံငွေကြေး ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မတော်တဆ အသက်ဆုံးရှုံးတာ၊ အပြင်းအထန်နာမကျန်းဖြစ်တာ စတဲ့ မမျှော်လင့်ထားတဲ့ကိစ္စရပ်တွေဖြစ်လာတဲ့အခါမှာ ပိုပြီး ကာကွယ်လို့ရအောင် ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်တွေနဲ့ အာမခံအကာအကွယ်ကို အဆင့်မြှင့်တင်နိုင်မယ့်အခွင့်အရေးလည်း ရှိနေပါတယ်။
- မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် - အကယ်၍ မတော်တဆ ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ရှိသော် ထပ်ဆောင်းအကာအကွယ်အနေနဲ့ အပိုနစ်နာကြေး ပေးအပ်သွားမှာဖြစ်ပါတယ်။
- မတော်တဆသေဆုံးမှုအတွက် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့် - အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနည်းလမ်းနဲ့ သွားလာနေစဉ်အချိန်အတွင်းမှာ မတော်တဆထိခိုက်မှုဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့အခြေအနေမျိုးမှာ “မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်” ကနေရရှိမယ့် အာမခံနစ်နာကြေးရဲ့ နှစ်ဆကို ရရှိမှာဖြစ်ပါတယ်။
- အပြင်းအထန်နာမကျန်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် - အဦးဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်း ဒါမှမဟုတ် နောက်ဆုံးအဆင့် အပြင်းအထန် နာမကျန်းဖြစ်ခြင်းကို ခံစားနေရပြီး ဆေးကုသမှုစရိတ်ကြောင့် ခက်ခဲတဲ့အချိန်ကာလတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ ငွေကြေးထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
လိုအပ်ချက်အလိုက် စိတ်တိုင်းကျ ရွေးချယ်နိုင်မယ့် အကာအကွယ်အစီအစဉ်တွေနဲ့ အာမခံပရီမီယံကြေးပြန်လည်ရရှိခြင်း
PRUFlexiprotect PLUS မှာဆိုရင် အာမခံအကာအကွယ်အစီအစဉ်၊ အာမခံထားရှိမယ့် ကာလ၊ အာမခံထားလိုတဲ့ ပမာဏ တို့ကို မိတ်ဆွေတို့ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အားလုံးကို မိတ်ဆွေတို့ စိတ်တိုင်းရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ (၁၀) နှစ်၊ (၁၅) နှစ် ဒါမှမဟုတ် နှစ် (၂၀) စတဲ့ အာမခံသက်တမ်းကာလအတွင်းမှာလည်း မိတ်ဆွေတို့ကို ငွေကြေးပိုင်းဆိုင်ရာအကာအကွယ်နဲ့ ဘဝ တည်ငြိမ်အေးချမ်းမှုရရှိစေဖို့ သေချာစေပါတယ်။ အာမခံပရီမီယံကြေးကို (၁) နှစ်တစ်ကြိမ်၊ (၆) လတစ်ကြိမ်၊ (၃) လတစ်ကြိမ် ဒါမှမဟုတ် (၁) လတစ်ကြိမ် ပုံမှန် ပေးသွင်းနိုင်ပါတယ်။
ပြီးတော့ PRUFlexiprotect PLUS ရဲ့ အထူးခြားဆုံးအချက်ကတော့ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးစေနိုင်တဲ့ကိစ္စ တစ်စုံတစ်ရာမဖြစ်ပေါ်ခဲ့ဘူးဆိုရင် အာမခံကာလပြီးဆုံးသွားချိန်မှာ ပေးသွင်းထားတဲ့ ပရီမီယံကြေးရဲ့ (၁၀၃) ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ငွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။
ငွေကြေးအကာအကွယ်ရရှိဖို့ ဒီနေ့ပဲ ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်ကြရအောင်
PRUFlexiprotect PLUS ကနေတစ်ဆင့် ငွေကြေးပိုင်းဆိုင်ရာအကာအကွယ်ကို ရယူပြီး ကိုယ့်ဘဝကို လိုသလို ပုံဖော်နေထိုင်လို့ရမှာဖြစ်ပါတယ်။ မှန်ကန်စွာ ချမှတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်က ကိုယ့်ရဲ့ ငွေကြေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး အနာဂတ်မှာလည်း ကာကွယ်ပြီးသားဖြစ်တဲ့အပြင်ကိုမှ ကိုယ့်ရဲ့ချစ်ခင်ရသူတွေအတွက် မသေချာမရေရာတဲ့လောကကြီးအလယ်မှာ ခိုင်မာတဲ့အုတ်မြစ်တစ်ခုချပေးလိုက်သလိုမျိုး စိတ်အေးချမ်းမှုကို ရရှိစေနိုင်မှာ အသေအချာပါပဲ။
PRUFlexiprotect PLUS နဲ့ ထပ်ဆောင်းအကျိုးခံစားခွင့်အစီအစဉ်တွေအကြောင်း ပိုမိုသိရှိချင်ရင်တော့ https://bit.ly/40Aobc8 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မေးမြန်းစုံစမ်းမှုများနဲ့ customer ဝန်ဆောင်မှုများအတွက် ပရူဒန်ရှယ်အာမခံရဲ့ ဖုန်းနံပါတ် - ၀၉ ၇၇၀ ၁၁၀ ၀၁၀ ကို ဆက်သွယ်ခေါ်ဆိုနိုင်ပါတယ်။