ဘာကာကစားသမားတွေကတော့ ပွပေါက်တိုးခဲ့တာပါပဲ။ :D

ပီအက်စ်ဂျီကို အနိုင်ရခဲ့ပြီးနောက် ဘာစီလိုနာဥက္ကဌ လာပေါ်တာဟာ အသင်းကစားသမားတွေကို ဟမ်ဘာဂါတလုံးစီ ကျွေးခဲ့တယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်တယ် ပထမအကျော့ကို ပဲရစ်မှာ ကစားခဲ့တာဖြစ်ပြီး ၂-၃ နဲ့ ဘာစီလိုနာက အနိုင်ရကာ နောက်တကျော့အတွက် အသာစီးရသွားခဲ့ပါပြီ။ 

ဒါကြောင့်လည်း လာပေါ်တာက ကစားသမားတွေကို ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။ အသင်းအဝတ်လဲခန်းထဲမှာတော့ ဘာကာကစားသမားတွေက တည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့ပြီး နောက်ပွဲအတွက် ကြိုစဉ်းစားနေကြပြီလို့လည်း နီးစပ်သူတဦးက ပြောဆိုခဲ့ပါတယ်။ 

လာပေါ်တာဟာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဟမ်ဘာဂါကျွေးဖို့ ဆုံးဖြတ်ခဲ့ပြီး ပဲရစ်မှာ အမဲသားဘာဂါဆိုင်ခွဲတခုကနေ ဝယ်ယူပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလိုဂုဏ်ပြုတာက ကလေးကလားဆန်တယ်လို့ ဆိုနိုင်ပေမယ့်လည်း ကစားသမားတွေက ဥက္ကဌရဲ့ ဂုဏ်ပြုမှုကို ကျေနပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ 

ဘာစီလိုနာဟာ ဘဏ္ဍာရေးပြသနာကြောင့် အခက်တွေ့နေရတဲ့အသင်းဖြစ်ပါတယ်။ လူငယ်အသင်းတွေကိုဆိုရင် မနက်စာ မကျွေးတော့တဲ့အထိ ငွေကြေးကို‌ချွေတာရလို့လည်း လှောင်ပြောင်ခံခဲ့ရပါတယ်။ အခုလည်း လာပေါ်တာရဲ့ ဟမ်ဘာာဂါကျွေးမှုကို နောက်ပြောင်သူတွေ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က